panpanJuly 16, 20121min45930
ဘာဒရိန်းလဲမသိ လိုတိုရှင်းပဲရေးတော့မယ်နော်။ ဒီနှစ်သင်္ကြန်ပိတ်ရက်၊ အစိုးရရုံးပိတ်ရက်က ၁၂ရက်တောင်ရတယ်။ ကျမတို့ရုံးက ပုဂ္ဂလကကုမ္ပဏီဆိုပေမယ့် အစိုးရရုံးပိတ်ရက်အတိုင်းဆိုတော့ ၁၂ရက်ရတာပါပဲ။ ထားပါတော့။ ကျမရဲ့ငယ်သူငယ်ချင်းကတော့ အစိုးရဝန်ထမ်း၊ နေပြည်တော်မှာ တာဝန်ကျတယ်။ ခုလိုအစိုးရရုံးပိတ်ရက် ရက်ရှည်ရတော့ အိမ်ကိုအလည်ပြန်လာတယ်။ ကျမဆီကိုလည်း လာလည်တယ်။ တစ်ရက် ညဖက်သူအိမ်လာလည်တော့ စပ်မိစပ်ရာ ဟိုဟိုသည်သည်ပြောမိတာပေါ့။ အဲ့ဒါတွေအရင်မပြောခင် သူ့မိသားစုအကြောင်းလေးပြောမယ်။ သူကအဖေမရှိတော့ဘူး။ အဖေလုပ်သူက အစိုးရဝန်ထမ်း၊ အမေကလည်း အစိုးရဝန်ထမ်းပဲ၊ တခြားဌာနက။ ကျမသူငယ်ချင်းက ဉာဏ်ကောင်းတယ်၊ စာတော်တယ်။ ဆယ်တန်းအောင်ပြီးတော့ ရေကြောင်းတက္ကသိုလ်တက်ရင်းနဲ့က သူတို့အဖေဌာနက ဝန်ထမ်းသားသ္မီးတွေထဲက ပညာထူးချွန်သူတွေကို နိုင်ငံခြားမှာကျောင်းတက်ဖို့ ပညာတော်သင်လွှတ်တယ်။ သူလည်း ပညာတော်သင်အလွှတ်ခံရတယ်။ ခုပြန်လာတော့ သူ့ကိုပညာတော်သင်လွှတ်တဲ့ ဌာနမှာပဲ အရာရှိတန်းဖြစ်တယ်။ ဒါပေမယ့် သူမပျော်ဘူး။ သူ့မှာ ညီငယ်၂ယောက်ရှိတယ်။ တစ်ယောက်က ဒီနှစ်မှာ ဆေးတက္ကသိုလ် စတက်နေတာ။ […]