TTNUOctober 20, 20111min47513
Best Teacher (16)   ဒါ ကျုပ်ဆရာမဗျ ကျမက ပဲခူးတိုင်းကနေ မန ္တလေးတိုင်း ကို ပထမဆုံး အလုပ်တာဝန်လာထမ်းဆောင်ရတာ ဆိုတော့ တစ်ကောင်ကြွက် ဆရာမလေးပေါ့။ ကျောင်းသူကျောင်းသားတွေကို သာ ကိုယ့် ဆွေမျိုးလုပ်နေခဲ့ရတာလေ။ အဲဒီခေတ်အခါက ကလေးတွေမှာ အခုခေတ်ကလေးတွေလို ကျူရှင်ပြီးကျူရှင် ပိမနေခဲ့ကြ ဘူး။ ကျောင်းစာသင်ပြီး အိမ်ပြန် အစာစား ကစား ရေချိုး မိဘကူ စသဖြင့်အေးအေးဆေးဆေး ဘဝတွေ ပါပဲ။ ဒီလိုနဲ့ ကျမ ငှားနေတဲ့ အိမ်နားက ကျမရဲ့ တပည့်လေးနှစ်ယောက်ဟာလည်း ညနေတိုင်ကျောင်းဆင်း အိမ်ပြန် ရေမိုးချိုးပြီးကြရင် ကျမဆီလာလည်ရင်း စာမေးကြ၊ ကူညီကြ နဲ့ နေပျော်စရာဘဝလေးများ ကျမတို့ ရခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က လှလှတဲ့။ အရပ်မြင့် မြင့် […]