zinmyotunNovember 11, 20101min984
ဒါဖတ်ပြီးမှ မျက်စဉ်းခတ်ပါ အသေအချာမကြည့်ဘဲ လှမ်းယူလိုက်စဉ်က မျက်စဉ်းဟု ထင်မိသော်လည်း ခတ်ပြီးမှ စူပါဂလူးမှန်း သိလိုက်ရသည့် ဖြစ်ရပ်တစ်ခု အမေရိကန် ပြည်ထောင်စု၊ ဖီးနစ်တွင် ဖြစ်ပွားခဲ့သည်။ KSAZ-TV ၏ သတင်းပေးပို့ချက်အရ ဂလန်ဒေး(လ်)မြို့မှ အမ်းဂတ်ဟုမ်း(မ်)ဆိုသူ အမျိုးသမီးသည် မျက်လုံးခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။ သူမသည် မျက်စဉ်းဆေးအထင်နှင့် လှမ်းယူကာ မျက်စဉ်းခတ်ပြီးနောက် အလွန်အမင်း ပူလောင်သည့် ဝေဒနာကို ခံစားရသည်တွင် တစ်ခုခုမှားသွားကြောင်း သိလိုက်ရသည်။ ဟုမ်း(မ်)ဆေးရုံသို့ ရောက်ပြီးနောက် ဆေးဘက်ဝန်ထမ်းများက မျက်လုံးတွင် မြဲမြံစွာကပ်နေသော စူပါဂလူးကို ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ မျက်လုံးအား ကြီးကြီးမားမား ထိခိုက်မှုမှ ကာကွယ်ရန် ဆရာဝန်များက ခွဲစိတ်ကုသပေးခဲ့ရကြောင်း အေပီသတင်းတွင် ဖော်ပြခဲ့သည်။ Ref: AP