black chawOctober 30, 20111min46121
နံနက်ခင်းတစ်ခုတွင်ဖြစ်ပါသည်။ ဘလက် နှင့် သူငယ်ချင်းတစ်စုသည် ရန်ကုန်တက္ကသိုလ်စာတိုက်ဝန်းအတွင်းရှိ အသည်းပန်းလက်ဖက်ရည်ဆိုင် တွင် ထိုင်လျက် နံနက်စာဘရိတ်ဖတ်ကို သုံးဆောင် နေကြခိုက်လည်းဖြစ်ပါ၏။ ဘလက် တို့ သူငယ်ချင်းများမှာ ထိုအချိန်က ဘောလုံးပွဲလောင်း ကစားခြင်း ကို နှစ်ခြိုက်စွာ ပြုလုပ်လျက် ရှိသော အချိန်ကာလများဖြစ်ပါသည်။ နံနက်စာ စားလျက်ရှိသော ဘလက်တို့တစ်စုတွင် ဘောလုံးဒိုင်တစ် ယောက်ဖြစ်သည့် ကိုကျော်ဆိုသူလည်းပါဝင်ပါ၏။ ကျန်သူများကား ကိုကျော့်ထံတွင့် ဘောလုံးပွဲလောင်းသော သူများသာဖြစ်ပါ၏။ ကိုကျော်သည် လက်ဖက်ရည်ဝိုင်းကို ဦးဆောင်လျက် ညကကန်သော ဘောလုံးပွဲအကြောင်းကို မြိန်ရေယှက်ရေကြီး ပြန်ပြောပြနေစဉ်မှာ ပင် ၎င်း၏ဟန်းဖုန်းမှ ဖုန်းမြည်သံကိုကြားလိုက်ရပါ၏။ ကိုကျော်က ပြောလက်စ စကားကို ရပ်၍ ဖုန်း ကိုတစ်ချက်ကြည့်ပြီး မောင်မောင့် ဆီကဖုန်း ဟုပြောလိုက်ပြီး ဖုန်းပြန်ဖြေခြင်းအမှုကိုပြုပါလေ၏။ “ မောင်မောင် ပြောပါ […]