လေယာဉ်ပေါ်ကဆင်းကတည်းကဆေးလိပ်သောက်ခြင်လှသည် မြန်မာပြည်မှာတည်းကဝယ်ခဲ့သော စီးကရက် ဗူးက အိတ်ထဲမှာအရံသင့်  ေလေယာဉ်ပေါ်ကဆင်း  ေလျှောက်လိုက်ရသည့် လမ်းက မဆုံးနိုင် အတူဆင်းကြသူ လူအုပ်နောက် ရောယှက်လိုက်ပါရင် ဘယ်နေရာရောက်မှ ပစည်းရွေးရမည်မသိ ဆေးလိပ်သောက်ခြင်တာက အဓိက ကြသည် အိတ်ထဲက ပါတ်စ်ပို့စာအုပ်လေး ပြန်စမ်းကြည့်ရင်းဘယ်ဂိတ်ပေါက်မှာ ပြရမည်မသိနိုင် လူအုပ်ကြီးက အဆောက်အဦး၏ အောက်ထပ်သို့ စက်လှေကားအတိုင်းဆင်းသွားကြသည် ကျုပ်လဲ ခေသူမဟုတ် ဘယ်ရမလဲရောယောင်လိုက်သည် ခရီးတူ အသိတစ်ယောက်က ဘယ်ရောက်နေသည်မသိ စက်လှေကားအောက်ရောက်မှ သဘောပေါက်သည် ဒီနေရာမှာ ပါတ်စ်ပို့ ပြရမှာကိုဗျ လူအုပ်နောက် တန်းစီဝင်ရပ် ရင်း အတူပါ အသိကိုရှာတော့ ဘသားချောက ရှေ့မှာရောက်နေတာကိုယ်ဗျ  ကျုပ်လှမ်းခေါ်ခြင်ပေမယ်  ဒီလူအုပ်ကြီးထဲမှာမြန်မာ အသံ ပြဲပြဲ ကြီး ကြားသဖြင့် လူတွေဝိုင်းကြည့်ကြမှာစိုးမိလေသည် အသံမထွက် ဝံ့ ဟုတ်တယ်လေဗျာ လူတွေ အားလုံး […]