manawphyulayMay 29, 20121min1415
အင်တာဗျူးလေးလည်း မအားတာနဲ့ မမေးဖြစ်ဘူး။ ခုမှ ဆက်မေးဖြစ်တော့တယ်။ ခု မလေးကို အောက်လမ်းက သွားကြတယ်ပြောတယ်။ ဘယ်လိုလုပ်ပြီး သွားကြတာလဲဆိုတာလည်း သိရင် တစ်ဆိတ်လောက် ပြောပြပေးပါလား။ ကျွန်တော် ပြောခဲ့သလိုပေါ့ ထိုင်းမှာ အနေကြာလာတော့ စရိတ်ကလည်းပြတ်လာ သွားစရာနိုင်ငံ ၊အလုပ်တွေ မရှိတော့ မိမိ ကျွမ်းကျင်နေထိုင်ခဲ့ဘူးသော မလေးရှားသည်သာလျှင်နောက်ဆုံးခြေလှမ်းမို့ နယ်စပ်ကိုဆင်းလာခဲ့ပါတယ်ခင်ဗျာ။ထိုင်းနယ်စပ်ရောက်တော့ စုံစမ်းချက်အရ မိမိတို့အရင်ကအတိုင်း တရားဝင် ဝင်လို့ မရတော့တဲ့အတွက် ခိုးဝင်လမ်းတွေ ပေါ်လာပြီပေါ့ဗျာ။ ခိုးဝင်နည်းလမ်းများကတော့ လှေနဲ့ ခိုးဝင်နည်း၊ရထားဖြင့်ခိုးဝင်နည်း။နယ်စပ်တောလမ်းမှ ခိုးဝင်နည်း၊ ကားဘောနက်အဖုံးအတွင်းလိုက်ပါနည်း၊ကွန်တိန်နာ အတွင်းလိုက်ပါနည်း စသည်ဖြင့် နည်းမျိုးစုံပေါ်လာပြီပေါ့နော်။နယ်စပ် ရထား၊ကားဂိတ်တွေမှာ လူပို့အေးဂျင့်တွေကလည်း တန်းစီပြီး လူရှာကြတာပေါ့ဗျာ။ ကျွန်တော်လည်း ဟတ်ချိုင်း က ဝင်နည်းကို သိပ်မကြိုက်တာကြောင့် စွန်ဂိုင်းဂလုတ် ဆိုတဲ့ နောက်နယ်စပ်တစ်ခုဆီသို့ ဦးတည်ရထားစီးလာခဲ့ပါတယ်ခင်ဗျာ။ဘန်ကောက်က သူငယ်ချင်းပေးလိုက်တဲ့ […]