KingMay 5, 20111min14813
မနက်ဆိုရင် ရွာထဲကို လျှောက်ကြည့်ပါတယ် ပွိုင့် 20 ထက်ပိုပေးမလားဆိုပြီးတော့ပေါ့လေ ဒါပေမယ့်လည်း ရွာထဲမှာ နည်းနည်းတော့ စိမ်းသေးလို့လားမသိ ဟိုလူ့အိမ်ထဲဝင်လိုက် ဒီလူ့အိမ်ထဲဝင်လိုက်ပြီး (ဖိနပ်ခိုးတာတော့ မဟုတ်ဘူးပေါ့လေ) လေကန် ဝေဖန်ရင်း လျှောက်သွားနေလိုက်တာ အခုအိမ်ပြန်ဖို့ အချိန်ရောက်တဲ့အထိပေါ့ ရွာထဲမှာ လျှောက်ကြည့်ရင်း ဘာတွေတွေ့လဲဆိုတော့ ထုံးစံအတိုင်း သူတစ်လူ ငါတစ်မင်းနဲ့ အငြင်းအခုံတွေနဲ့ပေါ့ ဒါပေမယ့်လည်း ကျွန်တော်တို့ရွာလေးက ချစ်ဖို့ကောင်းပါတယ်ဗျ ညစ်ညမ်းမှုတွေမရှိသလို သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေမှုရှိသော ငြင်းခုံမှုလေးတွေနဲ့ပေါ့ (ငြင်းခုံမှုလို့ မပြောပါဘူး တော်ကြာ လာငြင်းနေကျမှာစိုးလို့ဗျ ကိုယ့်အမြင်လေးတွေ၊ ကိုယ်လက်ခံမှုလေးတွေကို လွတ်လပ်စွာ ထုတ်ဖော်နေကြတဲ့သဘောလို့ပဲ မှတ်ယူပေးကြပါဗျ) ကိုပေါက်ရဲ့   ကြိုးစားအားထုတ်မှုကြောင့် ကိုဇဝန တစ်ယောက် ကျေနပ်မှု ရရှိစေမယ့် ချစ်စရာ အပြုအမူ ကူညီရိုင်းပင်းမှုလေးတွေကြောင့်လည်း ရွာလေးဟာ ပိုမိုချစ်ကြည်ရင်းနှီးမှုတွေကို ရရှိစေမယ်လို့လည်း ထင်မိပါတယ်။ […]