လူ့ဘဝထဲကိုရောက်လာကြပြီ ဆိုကတည်းက အငိုနဲ့စခဲ့ကြရတယ်။ ရယ်တစ်ခါ ငိုတစ်လှည့်၊ နိုင်တစ်ခါ ရှုံးတစ်လှည့်၊ ပြုံးတစ်ခါ မဲ့တစ်လှည့်၊ မဆုံးတဲ့ခရီးရှည်ကြီးနှင်ကြရတယ်။ ကံသတ္တိထူးပါလာသူတွေမှာ ရွှေဇွန်းကိုက်မွေးလာခဲ့ကြပေမဲ့၊ အကျိုးပေးနည်းသူတွေ မှာတော့၊ဒုက္ခအမျိုးမျိုးအိုးကြီးအိုးငယ်နဲ့ပေါ့လေ။လမ်းပေါ်မှာလမ်းပျောက်နေသူတွေ၊ မျှော်လင့်ချက်တွေမှေးမှိန်နေသူတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသူတွေ၊ အများကြီးပါ။ မနက်က ကျုံးဘေးလမ်းလျှောက်ရင်းနဲ့ လူတစ်ယောက် ပလက်ဖေါင်းပေါ်မှာအိပ်ပျော်နေလိုက်တာ၊ အမှတ်မထင်ကြည့်လိုက်တော့ အသက်မှ ရှိရဲ့လားလို့ထင်မိတယ်။တုတ်တုတ်မှ မလှုပ်ဘူးလေ။ သူ့ဖာသာသူ နတ်စည်းစိမ်တော့ ဖြစ်မလားပဲ။ မြင်ရတဲ့သူအနေနဲ့ စိတ်မကောင်းဖြစ်စရာပါ။ သူဘယ်လောက်အထိအိပ်နေသလဲဆိုရင် ကျွန်မ အသွားမှာဖြတ်သွားတုန်းမြင်ခဲ့တာ မနက်(၅.၄၅) လောက်ပေါ့။ သုဓမ္မာဇရပ်တွေနားထိလျှောက်ခဲ့ပြီး ခဏလေ့ကျင့်ခန်းလုပ်တယ်၊ ၊ပြန်လာတော့ (၆.၃၀) လောက်ရှိပြီ။ အိပ်နေတုန်းပဲ။ ဒါနဲ့ ခပ်ကြောက်ကြောက်နဲ့ပဲ နည်းနည်းလှမ်းလှမ်းကနေ Zoom […]