Yin Nyine NwayAugust 28, 20101min2080
ဓမ္မစကြာသုတ် ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့၏ ပူဇော် အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူ ပေ ထသော  သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန်မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း ထင်ပေါ် သိမြင်တော်မူပေထသော ဣဿရိယဓမ္မယသ သီရိကာမပယတ္တ တည်း ဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုးခြင်းသည် ဖြစ်စေပါသတည်း ဘုရား။ (၁) တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ သား သမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍည အမှူး […]