weiweiJuly 15, 20111min19311
ဒီကနေ့ ဝါဆိုလပြည့်နေ့မှာ ဓမ္မမိတ်ဆွေတွေကောင်းမှုနဲ့ ဓမ္မဗျူဟာမှာ ကျင်းပပြုလုပ်တဲ့ သစ္စာလေးဖြာ သာသနာ ကြိုဆို ပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို တက်ရောက်ဖြစ်လိုက်ပါတယ် … ဓမ္မစကြာတရားတော်အကြောင်း သင်တန်းတိုလေးတစ်ခုပြုလုပ်ပါတယ်။ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် (မဟာသဒ္ဒမ္မဇောတိကဓဇ)မှ သင်တန်းပို့ချပေးပါတယ်။ သင်တန်းအကျဉ်းချုပ် ပြန်လည်ဝေငှပေးချင်ပေမယ့် စာရိုက်ဖို့ အဆင်မပြေလို့ လိုရင်းအနှစ်ချုပ်ကလေးကိုပဲ ပြန်ရိုက်တင်ပြီး ဓမ္မဒါနပြုလိုက်ပါတယ် .. ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခ ညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွှမ်းတယ်ကို။ (လယ်တီ ဆရာတော်ဘုရားကြီး) ဓမ္မစကြာတရားတော်၏လိုရင်း အချုပ်ကား …. အကျင်းသုံးပါး၊ သစ္စာလေးပါး၊ ဉာဏ်တော်တစ်ဆယ့်နှစ်ပါး၊ ဘရားအဖြစ်ဝန်ခံတော်မူခြင်းများဖြစ်ပါသည်။ […]