weiweiMay 9, 20135min25517
ဒီပို့စ်ကို ရေးချင်ခဲ့တာ ကြာပါပြီ။ ရေးချင်လွန်းလို့လဲ အဲဒီနေရာကို ကိုယ်တိုင်ရောက်အောင် သွားခဲ့လိုက်တယ်။ ဒါပေမယ့် သွားပြီးကထဲက ဘယ်လိုချပြရင် ကောင်းမလဲဆိုတာ မစဉ်းစားတတ်အောင်ဖြစ်သွားခဲ့ပါတယ်။ ကိုပေါက်က အကြံပေးဖူးတယ် … ရွှေလီက မောလိရေတံခွန်နဲ့ မေမြို့ ဓါတ်တော်ချိုင့်ရေတံခွန်ကို နှိုင်းယှဉ်ပြီး ပို့စ်တစ်ခုလောက် ရေးတင်ပါလားတဲ့။ ကျွန်မ အများကြီး စဉ်းစားခဲ့ပါတယ်။ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်လောက်အောင် အခြေအနေ ကွာခြားလွန်းလို့ သီးသန့်စီပဲ ခွဲတင်လိုက်ပါတယ်။ ရွှေလီက မောလိရေတံခွန်ကို ဘယ်လိုသွားခဲ့တယ်ဆိုတာ ဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ပြီးပါပြီ။ ဓါတ်တော်ချိုင့်ကို ဘယ်လိုသွားခဲ့တယ်ဆိုတာကို အခုမှပဲ ဓါတ်ပုံတွေနဲ့ သေချာဖော်ပြပေးပါ့မယ်။ ရွာသူားတွေလဲ ကျွန်မနဲ့အတူ တစ်ခေါက်လောက် သွားလိုက်ကြရအောင် … ဓါတ်တော်ချိုင့်ရေတံခွန်က အနီးစခန်းမှာ ရှိပါတယ်။ မေမြို့ကနေ မန္တလေးကို ပြန်တဲ့ လမ်းမဘေးမှာရှိတယ်။ ဓါတ်တော်ချိုင့်ရေတံခွန်သို့လို့ ရေးထားတဲ့ […]


weiweiMay 2, 20135min27416
၁၇-၄-၂၀၁၃ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက် ၆ နာရီခွဲမှာ ဓါတ်တော်ချိုင့်ကို ရောက်ခဲ့တယ်။ အဆင်းအတက်ခရီးစဉ် အခြေအနေနဲ့ ဓါတ်ပုံတွေကို နောက်ထပ်ပို့စ်တစ်ခုမှာ တင်မှာဖြစ်ပြီး အခုပို့စ်မှာတော့ အလှသီးသန့် ခံစားကြည့်ရအောင် လှတာတွေရွေးပြီး တင်လိုက်ပါတယ်။