အဇဋာJune 25, 20121min29414
သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ ဆိုပြီး နာမည်သာတပ်လိုက်ရတယ်။ ဒီလို နာမည်မျိုးက ဝါရင့်သတင်းစာဆရာကြီးတွေ သူတို့အတွေ့အကြုံတွေအကြောင်းရေးရာမှာ တပ်လေ့ရှိတဲ့ ခေါင်းစဉ်မျိုး။ ကျွန်တော်က ခုမှ သတင်းသမားပေါက်စမျှသာ။ ဒါပေမယ့် ခေါင်းစဉ်တပ်မယ့် နာမည်ရှာလိုက်တော့လည်း မတွေ့တာနဲ့ ဒီနာမည်ပဲ တပ်လိုက်ရတော့တယ်။ သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ ဆိုတော့ နေ့စဉ်မှတ်တမ်းပဲရေးရမလား စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် မဖြစ်ဘူး။ နေ့စဉ်မှတ်တမ်းထဲမှာက သူ့ကို သွားကြိုတာတွေ၊ အစ်မဝမ်းခွဲဆေးရုံတက်တာတွေ၊ ဦးလေးအရက်မူးလို့ ရပ်ကွက်နဲ့ရန်ဖြစ်တဲ့အကြောင်းတွေနဲ့ အစုံသုပ်ဖြစ်နေတယ်။ ဒါကြောင့် သတင်းနဲ့ဆိုင်တဲ့၊ သတင်းလိုက်ရင်းဖြစ်တဲ့အတွေ့အကြုံတွေပဲ ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်သတင်းထောက် စဖြစ်တော့ ပထမဆုံးကြုံရတဲ့ဒုက္ခက နာမည်ကိစ္စပါ။ ကျွန်တော့်မွေးရပ်က လူတွေ ရန်ကုန်ကိုလာရင် သူတို့ကမေးပါတယ်။ ဟေ့ကောင် မင်းဘာလုပ်နေလဲ လို့ ကျွန်တော့်ကို မေးရင် ကျွန်တော်က သတင်းထောက်လုပ်နေတယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ […]