နတ်ဆိုတာ..။။ ကနားစီးမောင်မောင်သိုက်………. နာမည်ကိုဒဲကြီးပဲ ထည့်လိုက်တယ်ဗျာ  ဒီလူကြီးရှိနေသေးတယ် မသေးသေးဘူးဆိုရင်ခွင့်လွတ်ပါ။ ဒီလူက ကျွန်တော့် အဖေနဲခင်ပါတယ် သူအလုပ်ကနတ်ကတော် အလုပ် အသားညိုညို မျက်နှာသွယ်သွယ် လူပုံချောဗျ  နတ်ကတော်သာပြောတာ အခြောက်မဟုတ်ဘူးနော် သူအောက်မှာ လိုက်ပြီး သူနဲ့အတူ အလုပ်လုပ်နေကြတဲ့သူတွေကသာ အခြောက်တွေ သူမှာဆို ဆွဲကြိုးကြီးက သုံးကျပ်းသားလောက်ကြီးဆွဲလက်စွပ်ကြီးကလည်းပြူးနေတာပဲ ပိုက်ဆံတော့တော်တော်ရှိတယ်ဗျ အဲဒီခေတ်အချိန်ခါတုန်းက ရန်ကုန်မြို့အပါအဝင် နယ်မြို့တွေမှာ နတ်ပွဲ ကနားပွဲ ပေးတာတော်တော်ခေတ်စားတာကလား ကျွန်တော်တို့ဆို နတ်ကနားပွဲတွေ ရပ်ကွက်ထဲ များလွန်းလို့ ဟိုဘက်ပွဲဒီဘက်ပွဲ ကူးချည်သန်းချည် ပြောင်းကြည်ရတယ် ဟိုဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် ကိုကြီးကျော် ဝင်တယ်ဆိုပြီး ခလေးပီပီ ဟိုဘက်ပြေးကြည့် ဒီဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် အမေဂျမ်း ဝင်နေတယ်ဆိုပြီး ဒီဘက်ပြန်ပြေးနဲ့ပေါ့ အဲဒီအချိန်တုန်းက နတ်ကိုးကွယ်မှု တော်တော်လေး ခေတ်စားတာလား […]