amatminFebruary 13, 20121min25018
နာရေးကူညီမှုအသင်းမှာ လှူရင်းနဲ့ ရိုက်ဖြစ်ခဲ့ကြတဲ့တချို့ပုံလေးတွေကိုတော့ ကြည့်ပြီးကြပြီထင်ပါတယ်။ နာရေးကူညီမှုအသင်းမှာ နောက်ထပ်ထူးခြားတဲ့ ဘာပုံတွေများရှိမလဲလို့ သိချင်ကြမဲ့ သူတွေအတွက် နာရေးကူညီမှုအသင်းနဲ့ဆက်စပ်နေတဲ့ ပုံလေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်.. အဲယားကွန်းပါတဲ့ခေါင်းတလားပါ.. သံဃာတော်တွေအတွက်အသုံးပြုရန်ဆိုပြီးလာရောက်လှူဒါန်းခဲ့ပေမဲ့ ပိုင်ရှင်ကအမျိုးသမီးဖြစ်ခဲ့တော့သုံးဖို့ခက်ခဲသွားတာပေါ့.ဘာကြောင့်ရယ်မသိ.စည်ပင်ကလည်းသုံးခွင့်မပေးထားပါဘူးတဲ့.. ဒီအခေါင်းမှာလည်း အအေးပေးဖို့ပလပ်ပေါက်လေးတပ်ထားပေးတယ်.. ဒီခေါင်းတလားကတော့ အကျိုးပြုဆယ်လီဘရစ်တီ များအတွက်ပါတဲ့.. အတော်လေးအိစက်ညက်ညောမဲ့ အတွင်းပိုင်း အရောင်မတူပေမဲ့ ဒါလည်းခေါင်းတလားပဲ. ကတ္တီပါခင်းနဲ့ လဲလျောင်းရာ ပြောရရင်တော့ ကြည်နူးစရာအလှူကို စိတ်ရောက်နေတာနဲ့ နာရေးကူညီမှုအသင်းရဲ့လုပ်ဆောင်ချက်အကြောင်းဝန်ထမ်းတွေ ရှင်းပြနေတာကိုသေချာတောင်နားမထောင်မိခဲ့ဘူး။ စိတ်ထဲမှတ်မှတ်ထင်ထင် သတိထားမိတာလေးတွေကတော့ လာရောက်လှူဒါန်းတဲ့သူတွေက ၅မိနစ်ခြားတဦးလောက်ကိုတွေ့နေရသလို၊ ဝန်ထမ်းတွေအားလုံးကသန့်ရှင်းကြည်လင်နေကြပြီး ရှင်းပြပေးတာကလည်းတကယ့်ကိုစိတ်လက်ပါရှိကြလို့ နောက်တခါလာလှူဖြစ်ချင်အောင်ကိုဖော်ရွေကြတယ်။ နောက်ဆုံးအပေါ်က အခေါင်းတလားတွေ(tool box)အကြောင်းရှင်းပြပေးတာရော.အခေါင်းတွေကသန့်ရှင်းနေတာရောပေါင်းပြီး အခေါင်းကိုတောင်အခေါင်းလို့မမြင်နိုင်တော့တဲ့အထိပဲ.. အပြန်လမ်းမှာပြန်ခံစားရင်းတွေးမိတာကတော့..ဒီအလှူက စိတ်ချမ်းသာ စရာကောင်းသောမွန်မြတ်တဲ့အလှူ.. ပကာသန မဖက်တဲ့ သန့်ရှင်းသောအလှူ.. လူပီသသောလူတယောက်ကို အနီးကပ်အတုယူအားကျရတဲ့ ကြည်နူးစရာအလှူ.. မမြင်ဖူးကြပေမဲ့ စည်းလုံးပျော်ရွှင်ခဲ့ရတဲ့ ပထမဆုံးအလှူ..မို့ ပြန်တွေးမိတိုင်းကို..ကျေနပ်ရပါသည်ခင်ဗျားးး