ဟိုမှာ ကျလာပြီ” ဟု ဟက်ဆန် မိုးပေါ်လက်ညှိုးထိုးပြသည်။ မတ်တပ် ထရပ်ပြီး ဘယ်ဘက်ကို သုံးလေးလှမ်းသာလျှောက်ရသည်။ ကျွန်တော် မော့ကြည့် လိုက်တော့ စွန်က ကျွန်တော်တို့ဆီ ဇောက်ထိုးစိုက်ဆင်းလာနေသည်။ တဆက်တည်း မှာပင် စွန်လိုက်သူတစ်စု၏ ခြေသံအော်သံများ။ သူတို့ခမျာ အချိန်ကုန်ရုံသာ အဖတ်တင်သည်။ ကျလာသည့်စွန်ကို ခံယူရန် ဟက်ဆန်သည် လက်နှစ်ဖက် ဆန့်ကား၍ ပြုံးပြုံးကြီးစောင့်နှင့်နေပြီ။ ……………………………………… ___________________________ ၁၉၇၅ ခု ဆောင်းဥတုတွင် ဟက်ဆန်တစ်ယောက် နောက်ဆုံးအကြိမ် စွန်လိုက်သည်ကို ကျွန်တော်ကြည့်ခဲ့ရသည်။ ပုံမှန်အားဖြင့် ရပ်ကွက်များသည် ကိုယ့်ရပ်ကွက်အတွင်း၌သာ စွန်တိုက်ပွဲ ဆင်နွှဲကြသည်။ ထိုနှစ်ကတော့ ရပ်ကွက်ပေါင်းစုံ တံခွန်စိုက်စွန်တိုက်ပွဲကို ကျွန်တော်တို့နေထိုင်သော ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲတွင် ကျင်းပသည်။ ကာတာချား၊ ကာတာပါဝမ်၊ မီခရိုရေယန်၊ ကိုတာရှန်ဂီ စသောမြို့နယ်များကို ပြိုင်ပွဲဝင်ရန် ဖိတ်ကြားထားသည်။ […]