Yin Nyine NwayOctober 16, 20111min18012
ဒီလိုလေး ဘဝကိုပေါ့ပေါ့တွေးပြီး….မိဘပိုက်ဆံခါွသုံးနေရာက ဒုတိယ အလုပ်ထပ်ပေါ်လာပါလေရော….ဒီတခါတော့ ရန်ကုန်ပါးဝလာတဲ့အပြင်လည်လည်ပတ်ပတ်လည်းှရှိတာပြီလေ။။။ အရင်လို ရိုးရိုးကြီးမဟုတ်တော့ပဲ ဟော့ရှော့ဖြစ်လာပြီ… သွားလျှောက်ရမှာက လှည်းတန်းမှာ…..ဦးထွန်းလင်းခြံလမ်း….တကယ်ပါ….အဲဒီတုန်းက ဦးထွန်းလင်းခြံလမ်းက သင်တန်းပေါင်းစုံရှိတဲ့နေရာပါ…ဆရာဦးမြကြိုင်ကျူရှင်ဆိုတာလဲ…များလိုက်တဲ့ ကျောင်းသားတွေ…..အဲဒီမှာ ဘေးမှာအတူတူအိပ်တဲ့ သူငယ်ချင်းက သူကဦးမြကြိုင်သွားမှာဆိုပြီး အတူတူထွက်လာတယ်….ရင်ငြိမ်းကအကျီင်္အရှည်…ကိုယ်ကျပ်နဲ့ ဂျင်းဘောင်းဘီနဲ့….တောင်ကြီးသူမပီပီ အောစတားလေးစီးပီး အလန်းထွက်လာတာပေါ့… ဦးထွန်းလင်းခြံလည်းရောက်ရော…ဦးမြကြိုင်တက်ရမှာမလို့မစောင့်တော့ဘူးဆိုပြီး လမ်းခွဲသွားတယ်….ရင်ငြိမ်းမှာ တယောက်ထဲ…လိုက်ရှာတော့ တွေ့ပြီ…..ဒုတိယအလွာမှာ INFO TECH ဆရာက ဘာရှာတာလဲဆိုတော့ လက်ညိုးထိုးပြလိုက်တယ်…ဒီကိုလာမှာလားတဲ့….အင်းဆိုတော့ သူက သော့ပစ်ချပေးတယ်….တောင်းလေးထဲထည့်ပြီး ကြိုးနဲ့ချပေူတာပါ….မစ္စတာဂီးက တောင်းထဲမဝင်ဘူး အပေါ်ကနေပြုတ်ကျလာတာ….ပေါ်မော့နေတဲ့ ရင်ငြိမ်းပေါ်တဲ့တဲ့…ရှောင်ချိန်မရတဲ့အပြင် မစ္စတာသော့က ရင်ငြိမ်းရင်ဘက်ထဲ ကျသွားပါလေရော….သင်တန်းပြီးလို့နောက်သင်တန်းတက်ဖို့စောင့်နေတဲ့ သူတွေက ရှေ့တဲ့တဲ့လက်ဘက်ရည်ဆိုင်မှာအများကြီး… ရှက်ရှက်နဲ့ လှည့်ထွက်မယ်လုပ်တော့…အပေါ်ကဆရာက ဟေ့သော့ထုတ်အုန်းလေ…နင်မထုတ်ရင် နင်လည်းတက်လာလို့မ၇…ငါတို့လဲ ဆင်းလို့မရတော့ဘူးတဲ့ ဝါးခနဲ ရီတဲ့အသံက တော်တော်ကိုဟိန်းသွားတာတော့ အမှန်ပဲ…ရှက်ရှက်နဲ့ သော့ထုတ်ပါတယ်ဆိုမှ အကျီင်္နဲ့ညှိနေသေးတယ် နောက်တော့ သော့ယူပြီးတက်တော့ ဆရာကမေးတယ်…ဘာပိုစ့်လျှောက်မှာလဲဆိုတော့ လူကထူပူနေပြီ…it […]


Yin Nyine NwayOctober 15, 20111min46611
ရင်ငြိမ်းဇာတိက တောင်ကြီးကပါ… တောင်ကြီးမှာကျောင်းတက်ပြီး… တိုးတက်ချင်တဲ့ ဆန္ဒနဲ့ ရန်ကုန်မှာ သင်တန်းလာတက်ခဲ့တယ်…နယ်မှာတော့….နေရထိုင်ရ အဆင်ပြေသလောက်…ရန်ကုန်စရောက်တဲ့အခါမှာ တော်တော်ကြီးကို ဒုက္ခရောက်တာတွေ့ရပါ့တေယ်.. အရင်ဆုံး… ရန်ကုန်မြေကို စရောက်ပြီဆိုတာနဲ့ တနေရာရာသွားဖို့က ကားစီးဖို့ပါပဲ….နယ်မှာလို တနေရာကို လမ်းလျှောက်ပြီးသွားလို့မရတာရယ်..လိုင်းကားမစီးတက်တာရယ်က နယ်က လာတဲ့လူအဖို့ ပထမဦးဆုံး ရင်ဆိုင်ရမဲ့ဒုက္ခပါ… ရောက်ရောက်ချင်း သွားတဲ့နေရာကတော့ မြေနီကုန်းပါ…ရင်ငြိမ်းနေတဲ့နေရာက ရွှေတိဂုံ အရှေ့ဘက်မုဒ်က ကမ္ဘာဇ ဓမ္မာရုံပါ… ဓမ္မာရုံဆိုပေမဲ့ ဘုန်းကြီးနေတဲ့နေရာမဟုတ်ပဲ ရှမ်းပြည်နယ်က လာတဲ့လူတွေ အဆင်ပြေအောင် လုပ်ထားတဲ့ နေရာလေးပါ တောင်ကြီးမြို့ လာရှိုးမြို့က လူများ ရှမ်းလူမျိုးများ အများဆုံးနေကြတဲ့နေရာပါ…အဲဒီကနေ မြေနီကုန်းသွားရင် စီးရမဲ့ကားက ၂၀၄ ဒါမှမဟုတ် ၃ကားပါ…သူငယ်ချင်းက မြေနီကုန်းမှာ စောင့်မယ် လာခဲ့ပါလို ဆိုတာနဲ့ ဓမ္မာရုံက အရင်နေကြတဲ့ လူတွေမေး…မနောရမ္မကို သွားမဲ့သူရှိတာနဲ့ း မသူတို့နဲ့လိုက်တော့တာပေါ့… […]