ရွှေ ကြည်April 11, 20131min36427
မှုန်မှိုင်းနေတဲ့စိတ်က အိမ်လွမ်းနာကျနေတယ် မရွာပဲမှိုင်းညို့နေတဲ့မိုးက ငိုချင်တာကိုချုပ်တည်းထားရသလို အလို ငါရောက်နေတာဘယ်နေရာလဲ မိုးတွေပဲရွာတတ်တဲ့ကျွန်း သိပ်မွန်းကျပ်တယ်။ ဧပရယ် ပိတောက် သင်္ကြန်ရောက်ပြီ အဝေးကသင်္ကြန် ပျော်စရာတွေဖန်ထားလည်း လစ်ဟာဆဲကွက်လပ်နဲ့ မပြည့်ဝခဲ့တဲ့ပျော်ရွှင်မှု ဒါကအတုလေ။ ဒီအချိန် ဒီအခါ အမိမြေမှာသာဆို ဘယ်နေရာမှာဖြစ်ဖြစ် တေးသံသာတွေပျံ့လွင့် နှစ်သစ်ကူးခံစားချက်စစ်စစ်နဲ့ ပိတောက်တစ်ခက်တော့ ငါ့ခေါင်းထက်ရောက်ရမှာပေါ့..။   ကျေးဇူးအထူးတင်ပါတယ်ရှင့်။