alinsettJune 24, 20121min2014
…………………………… ယခုမှ ဟက်ဆန် တလည်းသီးတစ်လုံး ကောက်သည်။ ကျွန်တော့်ဆီ သူလျှောက်လာသည်။ တလည်းသီးကိုခွဲပြီး သူ့နဖူးနှင့် ရိုက်ချလိုက်၏။ ”ကဲကွာ” သူ့မျက်နှာမှ အနှစ်နီနီများ သွေးထွက်သလို ယိုကျလာသည်။ ”မင်းကျေနပ်ပြီလား။ မင်းနေသာသွားပြီလား” ဟု သူအက်ကွဲစွာပြောပြီး ချာခနဲလှည့်ကာ တောင်ကုန်း အတိုင်း ပြေးဆင်းသွားသည်။ ကျွန်တော် မျက်ရည်တမံကျိုးခဲ့ရသည်။ ဒူးထောက်လျက်သား ရှေ့တိုး နောက်ငင် ယိမ်းထိုးလှိုက်ဖိုနေသည်။ ”ငါ မင်းကို ဘာဆက်လုပ်ရမလဲ ဟက်ဆန်။ ငါ ဘာဆက်လုပ်ရမလဲ” မျက်ရည်သွေ့စ တောင်ကုန်းပေါ်မှ ကျွန်တော် မလှမ်းချင့်လှမ်းချင် ဆင်းလာချိန်တွင်မူ ဤမေးခွန်း၏အဖြေကို သိခဲ့ရပြီ။ ____________________________________ ထိုနှစ်နွေ၊ ၁၉၇၆ခု နွေတွင် ကျွန်တော် တစ်ဆယ့်သုံးနှစ်ပြည့်ခဲ့သည်။ အာဖဂန်နစ္စတန် ငြိမ်းချမ်းသိုသိပ်ခဲ့သောနောက်ဆုံးနှစ်၏ နောက်တစ်နှစ်ဟု ခေါ်ရမည်။ ကျွန်တော်နှင့် ဘာဘာ့ကြား သွေးအေးသွားသည်။ […]