koyinSeptember 19, 20115min2047
ပက်ကြားအက်…ရင် ငါ့ကို လာပြီး မပညတ်ပါနဲ့ ငါ့ဘာသာ ပင့်သတ်ကို (တိတ်တဆိတ်) ရှိုက်ခဲ့တာ ရင့်ကျက်ချင်ယောင် ငါဟန်မဆောင်တတ်ဘူး နင်ခူးဆွတ်သွားခဲ့တဲ့ နှလုံးသားက အမုန်းတရားတွေ မရှိတာတော့ အမှန်… ယုံကြည်ကိုးစားမိလို့ ရခဲ့တဲ့ဒဏ်ရာ (အခုတော့) သံသရာမှာ နောက်ကောက်ကျစေဖို့အတွက် နင်ကပဲ (တမင်တကာ) သတ်မှတ်လိုက်တာလား လျှက်ပြတ်တဲ့ အတွေးတွေ ဝေဝါး…  ခါးသက်… ဓါးထက်ထက်နဲ့ ရင်ကိုခွဲပြီးမှ အချည်းနှီး ပေးဆပ်ခြင်းမျိုးနဲ့… ငါ့ဘက်က ရင်းနှီးပေးဆပ်လိုက်ရတာ  အဇ္ဇုတ္တတစ်ခုလုံး ဘာလို့ ငါ့အမြင်တွေ အမှောင်ဖုံးသွားရတာလဲ ဟိုတုန်းက ငါရေးခြစ်ခဲ့တဲ့ စာတစ်ရွက် နင့်လက်ထဲမှာ မင်ဖျက်တဲ့အရာ ငါ့ကဗျာတွေက မလွမ်းလောက်ပါဘူး အဲဒီအလွမ်းတွေကိုပဲသောက်ပြီး မူးရစ်… ရီဝေ… (တကယ်ဆို) မုန်တိုင်းထဲက လေပြေကို တရှိုက်မက်မက် ခက်တာပဲ… အောက်ဆီဂျင်တွေ ဓါတ်ပြယ်သွားသလိုမျိုး နင့်မျက်ဝန်းတွေကို ခိုးကြည့်မိသွားတာ ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်ပါ့မယ် သေချာစွာ မဖတ်ခဲ့မိတဲ့အတွက် ဝေဒနာတွေ […]