zawthulayAugust 4, 20111min1588
ပင်စင်အသံကြားတာနဲ့.. ကျွန်တော့်အတွေ့အကြုံလေးတစ်ခုပြောပြချင်လို့ပါ.. ကျွန်တော်၁ဝတန်းလောက်ပပေါ့ .. ကျွန်တော့်အမေက တာမွေမှာမူလတန်းပြဆရာမလေ .. အမေ့ရဲ့သူငယ်ချင်းဆရာမတစ်ယောက် သေသွားပါတယ်… အဲဒီမှာ ပြသ၁နာစတတ်တော့တာ ပါပဲ.. မြန်မာနိုင်ငံမှာက အသက်၆ဝပြည့်ရင် ပင်စင်ရတာလူတိုင်းသိပါတယ်.. နိုင်ငံတော်ရဲ့ အမိန့်ကိုနာခံတာပဲလား .. ဖြတ်စားချင်တဲ့ဉာဏ်တွေနဲ့ပဲလားတော့မသိဘူးဗျ.. အဲဒီသေသွားတဲ့ အမေ့ရဲ့သူငယ်ချင်းဆရာမက အသက်၆ဝ ပြည့်ပီးသွားပီဗျာ ပင်စင် Graduty လာပေးတော့မယ့်အချိန်မှာသေသွားတာပဲ.. သူလည်းသေကော ပင်စင်လာပေးမယ့်သူတွေရောက်လာတယ် .. ခဏလေးပဲ အဲဒါကို သူတို့က ကျွန်တော်စောစောက ပြောသလို အမိန့်နာခံသလားတော့မမေးပါနဲ့ .. သူတို့မလာခင်သေသွားလို့ဆိုပြီးတော့ .. အဲဒီ Graduty ပိုက်ဆံ ၆သိန်းလောက်ကို မပေးပဲ ပြန်ယူသွားတော့တာပါပဲ.. အဲဒီတော့ကျွန်တော်ပြောချင်တာလေးက .. အဲဒီပိုက်ဆံ ၆သိန်းလောက်ကို ပေးခဲ့တော့ရော နိုင်ငံတော်ကနစ်နာသွားမို့လို့လားဗျာ .. နိုင်ငံတာဝန်ကိုထမ်းဆောင်ခဲ့တဲ့အထဲမှာ ဆရာမတွေလည်းပါတယ်ဆိုတာ သူတို့ကမေ့နေတာလား မေ့ချင်ယောင်ဆောင်တာလားတော့ […]