ချစ်သူရေ… ကြယ်တစ်ပွင့် လတခြမ်းနဲ့ အလင်းအိုတွေကို ဖြတ်ရင်းနဲ့ ဉာဥ့်ဦးယံက ဓူဝံကြယ်တောင် ထွက်လာပြီပေါ့။ ပင်လယ်ကမ်းနံဘေးကနေ အလွမ်းအဆွေးတွေ မပြောပြချင်ပေမဲ့ ကဗျာတပုဒ် စာတစ်အုပ်ကို ငါ့နှလုံးသားက ဆွဲထုတ်ပြီးမင်းကို ပေးချင်လိုက်တာ။ ချစ်သူရေ… မင်နဲ့ ပတ်သက်ရင် ငါဟာ အရှူံးပေးခြင်းကိုသာ ယဉ်ပါးခဲ့ရ ငါတို့ဟာ မရှာဖွေပဲ တွေ့ရှိကြသူတွေလည်းဖြစ်တယ်။ ချစ်သူရေ… အလွမ်းတွေက ထုတ်ချင်းခတ်လို့ ဒီရာသီ၊ ဒီပင်လယ်ပြင်ကြီးထဲမှာ ငါလည်း နေသားတကျရှိခဲ့ရပြီ….။