mgwaloneJuly 26, 20121min19918
ဒီရက်ပိုင်း စကားပြောဖြစ်သူများထံမှ ကြားသိရသမျှဖြစ်ပါသည်။ ကိုယ်တွေ့မဟုတ်လို့ အတိအကျ မှန်ရဲ ့လားလို့ မေးခွန်းထုတ်လိုသူတွေ ရှိနိုင်ပေမဲ့ အားလုံး စဉ်းစားဝေဖန်နိုင်ဖို့ မျှဝေလိုက်ပါတယ်။ တစ်ယောက်ကပြောတယ်။ သူ့တူလေးက မနလေးက နံမည်ကျော် ကျောင်းတစ်ခုမှာ တက်ပါတယ်တဲ့။ အဲဒါ အတန်းပိုင် ဆရာက (ဆရာလား၊ ဆရာမလား မမှတ်မိတော့ပါ။ သို့အတွက် ဆရာဟုသာ ဆက်လက်ရေးသားပါ မည်။) သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လာရမယ်လို့ ဆိုပါသတဲ့။ နောက်တစ်ရက်မှာ အကြောင်း ကြောင်းကြောင့် ဝယ်မသွားမိတဲ့ ကလေးကို စာမသင်ရဘူးဆိုပြီး အခန်းအပြင်မှာ နေခိုင်းတယ်လို့ ဆိုပါတယ်။ ကလေးဆီက ပြန်သိရလို့ ကျောင်းအုပ်ကြီးကို မိဘက သွားတိုင်တော့ အရေးယူပေးပါမယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။ နောက်ဇတ်လမ်းတစ်ပုဒ်က ကျောင်းဖွင့်ဖွင့်ခြင်းမှာပဲ အတန်းပိုင်လုပ်သူက သူ့ကျူရှင်ဘယ်သူ တက်မှာလဲဆိုပြီး […]