weiweiMarch 7, 20123min44933
ဒီကနေ့ တပေါင်းလပြည့်နေ့မှာတိုက်ဆိုင်မှုပေါင်းများစွာနဲ့ ပန်းတနော်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာထဲက သွားဖို့တိုင်ပင်ထားသူတွေ မသွားဖြစ်ကြတဲ့ ခရီးစဉ်လေးမို့ အချိန်နဲ့တပြေးညီ ပို့စ်တင်ပေးလိုက်တယ်နော် …. ပန်းတနော်မြို့နယ်က ဧရာဝတီတိုင်းအတွင်းမှာတည်ရှိပြီး ညောင်တုန်းတံတား (ဗိုလ်မြတ်ထွန်း) တံတားကနေ ခဏလေးဆက်မောင်းသွားရုံနဲ့ရောက်ပါတယ်။ ရန်ကုန်-ပုသိမ်လမ်းပေါ်မှာတည်ရှိတယ်။ ဦးသန့်မြို့လို့လဲ လူသိများကြပါတယ်။ ရန်ကုန်ကနေ ကားကောင်းကောင်း လမ်းကောင်းကောင်းနဲ့ နှစ်နာရီတောင်မကြာတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ရန်ကုန်-ပုသိမ်လမ်းက စားသောက်ဆိုင်တွေ မကောင်းဘူးလို့ ဒီရွာထဲမှာပြောထားဖူးတာကို သက်သေပြချင်တဲ့ ပန်းတနော်ရွာသူက ယူရေးနပ်စ်လို့နံမည်ပေးထားတဲ့ ပန်းတနော်က စားသောက်ဆိုင်မှာ နံနက်စာကျွေးတယ်။ ရန်ကုန်မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေလိုမျိုး အသွင်အပြင်နဲ့ စည်ကားနေတဲ့ဆိုင်ကလေးဖြစ်ပါတယ်။ အစားအသောက်တွေက ရန်ကုန်ထက်တောင် ပိုကောင်းပြီး ပိုက်ဆံရှင်းတော့ ရန်ကုန်ထက်ဈေးသက်သာနေတယ်။ မုန့်ဟင်းခါးအကြော်နဲ့မှ ၂၅ဝ ကျပ်ပဲ ပေးရတဲ့ ပန်းတနော်မုန့်ဟင်းခါးက စားလို့အဆင်ပြေပါတယ်။ ပန်းတနော်ကိုသွားဖြစ်တဲ့အကြောင်းရင်းတစ်ခုက ပန်းတနော်မှာကျင်းပနေတဲ့ ရွှေမြင်တင်ဘုရားပွဲမှာ ပန်းတနော်အသင်း(ရန်ကုန်)က ကြီးမှူးပြီး […]