ဆူးMay 14, 20121min32827
တနင်္ဂနွေနေ့က သူငယ်ချင်း ရဲ့ ဖိတ်ကြားချက်ဖြင့် ဝေဠုဝန် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကြားပေးတော့ ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ သူငယ်ချင်းကတော့ မွေးနေ့ အထိမ်းအမှတ် အာရုံနဲ့ နေ့လည်စာ ကျွေးထားတဲ့ အလှူကို ဖိတ်လို့ ရောက်ရှိသွားတာပါ။ ရောက်သွားတဲ့ အခါမှာတော့ တကယ်ကို ဝမ်းသာ ပီတိဖြစ်ဖွယ် ကောင်းတာလေးတွေ တွေ့မြင်ခဲ့ရပြီး နောက်ထပ် နောက်ထပ် သွားချင်စိတ်လည်း ဖြစ်မိတယ်။ အသိမိတ်ဆွေများကိုလည်း ပြန်ပြောချင်စိတ်ဖြစ်မိလောက်အောင်ပါပဲ။ နေရာကတော့ ပဲခူးတိုင်းထဲမှာပါ။ ရန်ကုန် ပဲခူး လမ်းအတိုင်းသွားပြီး ဆယ်မိုင်ကုန်း ပဏ္ဍိရာမ ကျောင်း သွားတဲ့ လမ်းခွဲကနေ ဆက်တိုက်သွားမယ် ဆိုရင် ကွန်ကရစ် လမ်းအတိုင်း ချောချောမွေ့မွေ့ သွားနိုင်ပြီးတော့ မြေနီလမ်းခွဲလေး တခု ကိုတွေ့တဲ့ အခါ ဝေဠုဝန် ကျောင်းတိုက် ကျောက်တန်း […]