တနေ ့တာအစပြုလေပြီ။နေမင်းကြီးသည်ကောင်းကင်ပေါ်သို ့မင်းမူ နိုင်ရန်ရှေ ့မှအတားအဆီး ဟူသမျှကို ကျော်ဖြတ်နေလေသည်။ ” ပဲပြုပ်” “ကောက်ညှင်းပေါင်း၊ အကြော်စုံပူပူလေး” အစရှိသည့် နံက်ခင်းဝမ်းဝမ်းဝ အစားပြေ ရောင်းချသော ခေါင်းရွက်ဈေးသည်များ၏တစာစာ အော်နေသံများကြောင့် အိပ်ရေးမဝတဝဖြင့်နိူးထလာခဲ့ရသော်လည်း စိတ်မှာကြည်လင် လန်း ဆန်းနေသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းတော့ရှိရမည်။ ဒါဆိုဘာအကြောင်းက အိပ်ရေးမဝတဝနဲ့ကိုစိတ်ကြည်လင်လန်းဆန်းနေရပါလဲ။ အကြောင်းရင်းကိုတွေးမိပြန်တော့ ရယ်မလိုစိတ်ကိုပြန်ထိန်းရသည်။ ညကညဉ့်နက်မှအိပ်ဖြစ်သည်။ အကြောင်းကား တရုပ်မင်းသား စတီဖင်ချောင် ၏သိုင်းကား ကြည့်နေသောကြောင့်ဖြစ်လေသည်။ဇာတ်လမ်းအရ မင်းသားမှာ မိုးနဂါးသိုင်း ၁၈ ကွက်ကို လေ့ကျင့်တတ်မြောက်ရမည်ဖြစ်သော်လည်း နောက်ဆုံးအကွက် ၁၈ ကိုမကျင့်ဖြစ်နေလေ သည်။လူဆိုးဖြစ်သူသိုင်းအကျော်အမော်နှင့်လည်းတိုက်ခိုက်ရတော့မည်။ မင်းသားကလည်း မရနိုင်။မကျင့်နိုင်။အနီးရှိသူများကလည်းအလွန်စိုးရိန်နေကြလေပြီ။ကြည့်နေသောကျွန်ုပ်သည် ပင်လျင်အားမလိုအားမရဖြစ်နေမိသည်။ဘေးမှလည်းဝိုင်းဝန်းကြိုးစားကူညီပေးနေကြ ပြန် သည်။ “ဖျက်ကနဲ့” မီးပျက်သွားလေတော့သည်။ ပြီးခါနီးတဝက်တပျက်နှင့်အိပ်ရာသို့ဝင်ရလေတော့သည်။မီးပျက်လို့သာတော်သေးသည်။ နာရီသံတချက်တီးနေပြီ။မနက်ရုံးသွားရအုံးမည်။ ဇာတ်လမ်းနောက်သို့အလိုက်ကောင်းနေသည်။ စိတ်ကဆောင်နေသော်လည်းကိုယ်က ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားလေတော့သည်။ […]