Ko Ko AungNovember 18, 20111min1669
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ လမ်းကြောင်းသစ်ကို ချိုးကွေ့လိုက်ပါပြီ။ လူထုန္ဒေပြည်သွားလို့ လူတွေ ဝမ်းသာကြတယ်ပြောတယ်။ တကယ့်လူထုဆန္ဒက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ထဲ ရောက်ရေးမရောက်ရေးထက် လူထုရှေ့ ထင်ထင်ပေါ်ပေါ် စည်းရုံးဦးဆောင်စေလိုတာပါပဲ။ လွှတ်တော်က ကောင်းလွန်းလို့ လွှတ်တော်ကို ကြိုက်လွန်းလို့ မဟုတ်ပါဘူးနော်။ စစ်အစိုးရရဲ့ မသထာရေစာ ပြောဆိုနိုင်ခွင့်ကလေး ကန့်ကွက်နိုင်ခွင့်ကလေး အဆိုပြုနိုင်ခွင့်လေး နဲနဲရဘို့ လွှတ်တော်ထဲသွားရမှာမဟုတ်ပါဘူး။ အဆုံးတနေ့မှာ  ပြည်သူ့အာဏာကို ပြည်သူ့လက်ဝယ် အပြည့်အဝ ပြန်ရအောင်ယူဘို့ လွှတ်တော်ထဲသွားရမှာပါ။ အချိန်ယူရမှာသိပါတယ်။ ဒါပေမယ့် ပန်းတိုင်ဟာပန်းတိုင်ပါပဲ။  မျက်ခြေပြတ်ခံလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဇတ်ညွန်းသစ်က အခုမှ စ မှာပါ။   NLD တရားဝင် ရပ်တည်ပြီဆိုတာနဲ့ လုပ်စရာတွေက ပြည်သူကို အသိပညာပေးရင်း စည်းရုံ့းဘို့ ပါတီကို ပိုမိုခိုင်မာ […]