လာပါဦး …….. အဲလေ… ယောင်လို့ …… ဟိုဒင်း… စိတ်မရှိကြပါနဲ့ ဗျာတို့ …. ကျုပ်က အကြော်စုံလို ဗန်းထဲထည့်ရောင်းနေတာမဟုတ်ရပါဘူး….. ကွက်ရှင်ထုတ်နေတာပါ…. မေးကြည့်နေတာပါ….. ဘယ်သူ့ကိုမေးတာလဲ…ဟုတ်လား? ဘယ်သူရှိရမလဲဗျာ… ယောက်ျားလေးတွေကိုပေါ့….. မြန်မာပြည်က ယောက်ျားလေးတွေကိုပေါ့…. ဘာဖြစ်လို့လဲဆိုတော့ ကျုပ်လဲ အခုလို အဖိုးကြီးမဖြစ်ခင်က ယောက်ျားကြီးဖြစ်ဖူးပါတယ်.. အဲသည် ယောက်ျားကြီးမဖြစ်ခင်ကလဲ ယောက်ျားလေး ဖြစ်ဖူးလို့ အခုလိုဝါကျွတ်ချိန်နီးလာတိုင်း သူတကာက မထိတထိ ကလိတိတိမေးကြတာလေးတွေကို မချိသွားဖြဲနဲ့ ဆင်ဝှေ့ရန်ရှောင်ဖြေရင်း လူပျိုကြီးဘဝနဲ့ ဆယ်ဝါကျော်အောင်ဆိုခဲ့ရဖူးပါတယ်။ အဲတော့ ကိုယ်ချင်းစာတယ်ပေါ့….။ ဒါတောင်စကားအဖြစ်ပြောရတာ… ကိုယ်ချင်းစာတယ်ဆိုရအောင် ကိုယ့်အခြေအနေထက်ဆိုးတာ […]