အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမဩဝါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ဝစီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘဝ(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ […]