Ma EiMay 2, 20121min26013
ပိတောက်တစ်ခိုင်…   ဒီနေ့ ပိတောက်ပန်းတွေပွင့်တယ်လေ… ရုံးအလာလမ်းတစ်လျှောက်မှာရှိသမျှ ပိတောက်ပင်တွေပွင့်နေကြတယ်… ရုံးရောက်တော့လဲ ပိတောက်ပန်းတွေဝေလို့ …   ရုုံးက ကလေးတစ်ယောက်က ဟိုဘက် Hotel နောက်မှာပွင့်နေတဲ့ ပိတောက်ပင်ကနေခူးပြီး လိုက်ဝေပေးလို့  ပိတောက်တစ်ခိုင် ရပါတယ်…အခိုင်လိုက်လဲ ဓါတ်ပုံရိုက် ပန်းအိုးလေးထိုးပြီးလဲဓါတ်ပုံရိက် ပိတောက်ပန်းအလှလေးမျှဝေလိုက်ပါတယ်… ထူးဆန်းစွာ အပွင့်တစ်ခက်မှာ အသီးကလေးတစ်လုံးပါလာပါတယ်… ပထမအကြိမ်အပွင့်ရဲ့ အသီးလေးဖြစ်မှာပါ…       ပိတောက်ပန်းကို ပန်ဘို့ထက် ရနံ့လေးကို ပိုချစ်ပါတယ်… ပွင့်ဖတ်တွေ ကြွေကျနေတဲ့ မြေပြင်လေးကိုလဲ ချစ်တယ်…   ဟိုးအရင်က ထိုင်ခဲ့ဘူးတဲ့ ဗိုလ်အောင်ကျော်လမ်းပိတောက်ပင်အောက်က လက်ဘက်ရည်ဆိုင်ကလေးသတိရမိတယ်…   ပိတောက်ပွင့်ချိန်… လေပြေအေးအေး ပန်းရနံ့မွှေး ပွင့်ဖတ်လေးတွေကြွေကျ သူ့စကားတွေကလဲချိုမြ ခုတော့လဲအမှတ်တရ…     ခင်တဲ့ မအိ