ကြာခဲ့ပါပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက ပုဂံမှာ ပထမဆုံး ရိုးရာမြင်းပြိုင်ပွဲ လုပ်ခဲ့တယ်။ ရိုက်ကူးရေးသွားရမယ်ဆိုတော့ မြင်းပြိုင်ပွဲကို တစ်ခါမှ မမြင်ဖူးဘူးလေ။ ပြိုင်မယ့်ကွင်းကြီးက အကျယ်ကြိး မဏ္ဍပ်ကြီးထုပ် စတိတ်စင်တွေလည်းပါတယ်။ အညာပွဲဈေးသည်တွေနဲ့ လာတဲ့သူတွေတိုင်းကိုလည်း တစ်နေ့လုံးထမင်း ကျွေးတယ်။ အညာပွဲဈေးလေးတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့တယ်။ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အခုမှ ပြန်ဝေမျှခွင့်ရခဲ့ပါတယ်။   နောက်တစ်ပွဲရှိသေးတယ် ဒုန်းပြိုင်ပွဲဆိုတာ အမြန်ဆုံးပြေးတဲ့ ပြိုင်ပွဲပေါ့ မြင်တွေကိုလည်း ဆေးကျွေးထားရတယ်ပြောတယ ပြေးလိုက်ကြတာ ကြောက်စရာတောင်ကောင်းတယ်။ မြန်လိုက်တာလည်း ပြောမနေနဲ့။   ဆက်ပါဦးမည်။ အောင်မိုးသူ


မိုခ်ိဳAugust 8, 20123min41017
ပုဂံ မှာ ငွေ ၆၀ဝ ကျပ်နဲ့ ထမင်း စား လို့ ရပါတယ်… သရပါ တံခါး နား က ဆိုင် အုပ်စု တွေ နား က ဆိုင်လေး တစ် ဆိုင် ပါ။ ဆိုင် အကြီး ကြီး မဟုတ်ပါဘူး…တမာပင်၊ ထနောင်း ပင်တွေ အောက်မှာ အမိုးလေးမိုးပြီး ခင်း ထားတဲ့ လမ်းဘေး ဆိုင် လေးပါ။ လမ်းဘေး ဆိုင်ပေမယ့် သန့် ပါတယ်…နိုင်ငံ ခြားသား တွေ လည်း စားနေ ကြ တာတွေ့ ခဲ့ ပါတယ်။ အဲဒီ ဆိုင် မှာ အသားဟင်း ၁ တုံး ကို ၃၀ဝ […]