lu ta loneJune 7, 20101min1490
ပုဂံဂူဘုရားနံရံပေါ်က အင်းဝခေတ် ခေတ်စမ်းကဗျာ ပုဂံက ရှေးဟောင်း ဂူဘုရားတွေမှာ နံရံဆေးရေးပန်းချီနဲ့ မင်စာတွေ အနည်းနဲ့အများ ရှိကြတာချည်းပါ။ ပုဂံခေတ်က မူလရေးဆွဲခဲ့တဲ့ လက်ရာတွေရှိကြသလို၊ အင်းဝ၊ ကုန်းဘောင်၊ အမရပူရ ရတနာပုံ နှောင်းခေတ်တွေမှာ ရေးဆွဲ မှတ်တမ်းတင်ထားတာတွေလည်း ရှိပါတယ်။ ၁၉၆၂ ခုနှစ်အတွင်းက သမိုင်းကော်မရှင် ရဲ့ လုပ်ဆောင်ချက်တခု အနေနဲ့ ပုဂံဒေသတဝိုက် ရှေးဟောင်း ဘုရားတွေက မင်စာတွေကို စုဆောင်းမှတ်တမ်းတင်တဲ့ မင်စာစု သုတေသနလုပ်ငန်း လုပ်ခဲ့တယ်။ မင်စာတွေကို ကူးရေး၊ ပုံဆွဲ၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။ ပုဂံမြို့ဟောင်း ရွှေဆံတော်စေတီရဲ့ အနောက်ဘက်မှာရှိတဲ့ ဂူဘုရား အမှတ် ၁၄၆၇/၇၈ဝ က နရပတိစည်သူ မင်းကြီး (နန်းစံနှစ်၊ ၅၃၆-၅၇၃) ရဲ့ ကောင်းမှု၊ လောကဥသျှောင် နှစ်ထပ်ဂူဘုရားဖြစ်ပါတယ်။ […]