အထက်တန်း ကျောင်းတက်တုန်းက ကျောင်းကား စီးတာလေး သတိရမိတယ်။ ကျောင်းကား အစီးရေ နဲ့ ကျောင်းကား စီးတဲ့ ကလေး အရေ အတွက် မမျှတဲ့ အတွက် ကျောင်းကားကို နှစ်ခေါက်ဆွဲပါတယ်။ ဒုတိယ အခေါက် မှာ လိုက်ရတဲ့ အခါ.. မနက် ဆိုလည်း သူများ မရောက်ခင် အစောကြီး ကျောင်းရောက်ပြီး ကျောင်းပြန်ဆိုလည်း ကျောင်းဝင်းကြီးထဲမှာ ဘယ်သူမှ မရှိတော့ဘဲ ကျောင်းကား တူတူ စီးတဲ့ အုပ်စုက လွဲရင် မရှိဘူး။ ကျောင်းတစ်ခုလုံး တိတ်ဆိတ်ပြီး ကျောင်းဝင်းထဲမှာ ထိုင်နေမလား ဆော့နေမလား မျိုးစုံ လုပ်ရင် အချိန်ဖြုန်းနေကြတယ်။ ကျောင်းဝင်းထဲမှာ ကားတူတူ စီးတဲ့ သူငယ်ချင်းများကတော့ အတန်းစုံပါဘဲ အတန်းကြီးတဲ့ သူငယ်ချင်းကော အတန်းငယ်တဲ့ သူငယ်ချင်းပါ […]