natureDecember 25, 20111min24814
ကျွန်တော်တို့ မြန်မာပြည်သားများဟာ ဆန္ဒန်ဆင်မင်း ဇတ်ကိုတော်တော်များများ သိကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အကျီစားသန်ရန်များဆိုတဲ့အတိုင်း ချစ်ခင်သောစိတ်နဲ့ သူရဲ့ မိဘုရာကြီးကို ခါချဉ်ထုတ်နဲ့ စနောက်လိုက်မိတဲ့ ဆန္ဒန်ဆင်မင်းကြီးဟာ အညိုးကြီးလှတဲ့မိဘုရားကြီးရဲ့ နောက်ဘဝမှာ ကလဲ့စားခြေတာကိုပြန်ခံလိုက်ရတဲ့အကြောင်းလေးပါ။ မိဘုရားကြီးဟာလည်းဆင်မင်းရဲ့အစွယ်လည်းရရော ရင်ကွဲနာကျပြီးသေတယ်လို့ဆိုပါတယ်။ နောက်ဘဝမှာ တိုင်းပြည်တပြည်က မိဘုရားဖြစ်သွားတဲ့ ဆန္ဒန်ဆင်မင်းရဲ့မိဘုရားဟာ ဆင်မင်းကို ကလဲ့စာခြေဖို့အတွက် ဆင်မင်းရဲ့အစွယ်ကို လိုချင်ကြောင်းဘုရင်ကြီးကို မရမက အတင်းပူဆာတော့ ဘုရင်ကြီးက ဆင်မင်းရဲ့အစွယ်ကိုယူဖို့အတွက် သောနုတ္ထို အမည်ရှိသော ကျွမ်းကျင်လိမ္မာသောမုဆိုးကိုလွှတ်ပါတယ်။ တကယ်တန်းယှဉ်ပြိုင်ရင်ဆင်မင်းရဲ့ အင်အားကို မယှဉ်နိုင်တာကြောင့် ဆင်မင်းရဲ့အားနည်းချက်ဖြစ်တဲ့ သံဃာတော်များကို ကြည်ညိုလေးစားပြီးသတ်ဖြတ်ခြင်းမပြုတဲ့ ဘုရားအလောင်းဆင်မင်းရဲ့ ကြီးမားတဲ့ခန္တီပါရမီကို အခွင့်ကောင်းယူပြီး အသုံးချခဲ့ပါတယ်။ ဘုရားအလောင်းဆင်မင်းဟာ သူရဲ့ရန်သူကို သတ်ရန်ကြည့်လိုက်သောအခါ သူယုတ်မာမှန်းသိသော်လည်း မြင့်မြတ်သော သင်္ကန်းကို ဝတ်ရုံထားသောကြောင့် ၎င်း အရင်ဘဝက သူအားအညိုးကြီးခဲ့သောသူချစ်သော မိဘုရားကြီးစိတ်ပြေစေရန်အတွက်၎င်း ခန္တီပါရမီပြည့်သူဖြစ်သဖြင့် […]