fattyDecember 10, 20101min2548
ကျနော် ပုံစံ ၁၉ ထုတ်ဖို့ ခါတိုင်းလိုဘဲ ထင်ပြီး ၉ နာရီလောက် ပြည်ပထွက်သူများအတွက် အခွန်ရုံး ကိုရောက်တယ် ..။ အားပါးပါး …လူက ၃၀ဝကျော်လောက်ရှိပြီ တန်းစီပြီး ကြိတ်ကြိတ်တိူးနေတာ ..။ ကျနော်ဘယ်ဝင်ပြီးတိုးနိုင်မှာလဲ … အပြင်ကဘဲကြည့်နေရတယ် ..။ ကျနော့အခြေအနေ အကဲခတ်နေဟန်ရှိတဲ့ သူငယ်လေးတယောက်က ဦးလေး ၁၉ လုပ်ဖို့လားတဲ့ ကျနော်တို့service ခ ၅၀ဝ ဘဲယူတယ်တဲ့ ။ ဟန်ကျပြီပေါ့ ..။ အေးကွာ .. ငါလဲဒီလူအုပ်ကို ဘယ်လိုမှ တိုးနိုင်မှာမှုတ်ဘူကွ ..ဆိုပြီး သူ့ကိုလိုအပ်တဲ့ စာရွက်စာတန်းတွေ ပေးလိုက်တယ် ..။ original တွေပျောက်ကုန်မှာစိုးလို့ သူပုံတောင်ဓါတ်ပုံရိုက်ယူထားလိုက်ရသေးသဗျ။ ဘေးနားက လဘက်ရည်ထိုင်ခိုင်းပြီး ဦးလေးဒီကစောင့်နေနော်တဲ့ ကျနော်လာခေါ်မယ်တဲ့ ..။ ကျနော်လဲ အေးအေးဆေးဆေး […]