ခင္ခJanuary 13, 20141min20711
  ” ကျသွားတဲ့ ခဲ ဂယက်ထတာပါဘဲ” တစ်ခါတုန်းကဆိုတာ မေ့လွယ်ပျောက်လွယ်ကြတဲ့ အရာတွေရှိသလို မေ့ပျောက်မရတဲ့ အရာတွေလည်း ရှိတတ်ကြစမြဲပေါ့။ တစ်ခါတလေကျပြန်တော့ အဲဒီတစ်ခါတုန်းကအကြောင်းတွေကို တစ်ယောက်ထဲငေးငိုင်ကာ ပြန်တွေးနေမိ တတ်ကြတာလည်း ရှိတတ်ကြပြန်ရော။ ဒါတွေကို အတိတ်ဇာတ်ကြောင်းမမေ့ကောင်းလို့လည်း တင်စားကာရေးကြပြန်သကိုး။ ကျွန်တော်လည်း တစ်ခါတုန်းက ရွာသာယာတစ်ခုမှာ ဝင်ရောက်ကျင်လည်ကျက်စား ဆော့ကစားခဲ့ဘူးပါတယ်၊ အဲဒီ ရွာသာယာမှာ ကျင်လည်ကျက်စားဆော့ကစားတုန်းကဆို နေ့စဉ်နေ့တိုင်းအချိန်တိုင်းနီးပါးပါဘဲ။ အိမ်သူက ညဉ့်နက်မအိပ်သေး ရွာသာယာမှာဘဲရှိနေသေးလို့ ညဉ့်နက်ပြီအိပ်တော့လေ မနက်အလုပ်သွားရမယ်လေလို့ သတိပေးဖြစ်ခဲ့တာအခါခါ ထမင်းစားချိန် ထမင်းစားဖို့ ထမင်းဟင်းတွေခူးခပ်ပြီးအဆင့်သင့်ပြင် အိမ်သူခဗျာ စောင့်နေသော်လည်း ဒီမောင်က ရွာသာယာထဲကထွက်မလာလို့ ရွာအပြင်ဇနပုဒ်တဲမှာပြင်ထားတဲ့ ဟင်းထမင်း တွေအေးကုန်မှစားဖြစ်ခဲ့ရပေမယ့်လည်း ရွာသာယာထဲဝင်လည်နေရရင်ပျော်နေတတ်သူ ကျွန်တော်ကတော့ ကျေနပ်နေပြန်သပေါ့။ အဲဒီတုန်းကရွာယာယာလေးဟာ စည်စည်ကားကား ဖို့ရို့ဖရားဆိုပေမယ့် အတော်ပျော်ခဲ့ ရွှင်ခဲ့ မြူတူးခဲ့ တယ်လေ။ […]