ကျွန်တော်တို့ မွေးချင်းက ငါးယောက်ပါ။ ကျွန်တော်ကတော့ အငယ်ဆုံးပေါ့။ နံပါတ် (၁) နဲ့ (၂)က အစ်ကို ၊ နံပါတ် (၃) နဲ့ (၄)က အစ်မ။ ကျွန်တော်အဖေကတော့ ကျွန်တော် (၄)နှစ်သားမှာ ဆုံးပါးသွားပါတယ်။ အမေကတော့ သားသမီးငါးယောက်ကို အိမ်နားက မြင်သာဈေးမှာ “ဝါဝါရွှေ” ဇာဘော်လီဆိုတဲ့ ဘော်လီချုပ်ရင်း ရှာကျွေးခဲ့ပါတယ်။   စဉ်းစားတော့လည်း သားသမီးငါးယောက်ကို အစအဆုံး ဘော်လီချုပ်ရင်း ရှာကျွေးတဲ့ အမေ့ကို အံဩချီးကျူးမိတယ်။ ပြောချင်တဲ့အကြောင်းအရာလေးက အမေက မနက် (၆)နာရီဆို ဈေးမှာဆိုင်ဖွင့် ၊ ညနေ (၆)နာရီမှ ဆိုင်သိမ်း။ ကျွန်တော် သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကိုယ်တိုင်ကျောင်းလိုက်အပ်မပေးခဲ့ဘူး။ ငယ်ငယ်တုန်းကတော့ အိမ်မှာ ဖေဖေ့လက်ထပ်ကတည်းကနေတဲ့ အဖိုးကြီးတစ်ယောက်ကပဲ ကျောင်းလိုက်အပ်ပေးတယ်။   […]