ဆူးApril 22, 20111min20715
ပျားလေး ဖိုးတုတ်တို့ မိသားစု အိမ်ပြောင်းဖို့ လိုနေပြီ။ ဖိုးတုတ် မိခင်က သားတို့ရေ.. အမေတို့ ဒီအရပ်ကနေ ခွာပြီး တခြား တနေရာမှာ အခြေချပြီးနေနိုင်အောင် လုပ်ပါအုန်း။ သားတို့ အဖွဲ့ နေရာသစ် တခုကို ရှာပြီး လာပြောပါအုန်း။ ပြီးရင် ဒီကနေ ထွက်ခွာပြီး ပြောင်းနေကြရမယ်။ မိခင်ပျားမကြီးရဲ့ စကားကို မြေဝယ်ကျ နားထောင်တဲ့ ပျားကလေး ဖိုးတုတ်ကတော့ အိမ်ကနေ ထွက် အစာရှာထွက်ရင်း အိမ်ပြောင်းရွှေ့နိုင်ရန် နေရာလိုက်ကြည့်ခဲ့တယ်။ ပန်းခြံ တခုက ပန်းခင်းထဲမှာ ပန်းဝတ်ရည်များ စားသုံးပြီး အနားမှာ ရေကန်လည်းတွေ့တော့ ဒီလိုနေရာမှာ နေမယ်ဆိုရင်တော့ စားဖို့ ပူစရာ မလိုဘူး ဟု ဆုံးဖြတ်ချက်ချပြီး အိမ်ဆောက်ဖို့ နေရာလိုက်ကြည့်တဲ့ အခါ အိမ်ပုပုလေး တခုတွေ့တယ်။ […]