fattyOctober 27, 20111min28922
ကျနော်မြန်မာ့အသံကထွက်ပြီးပြီးချင်း ထုံးစံအတိုင်း အလုပ်လက်မဲ့ လက်ဖက်ရည်ဆိုင်ထိုင် ပွဲစားလိုလိုဘာလိုလိုပေါ့ဗျာ ..။ ွှဲအဲ နေအုံး မြန်မာ့အသံကမထွက်ခင် လူတယောက်ကို အကူအညီပေးခဲ့ဘူးတယ် ။ သူက နောက်ပိုင်းမှာ အရေးပါလာသူဖြစ်မှာမို့အခုကထဲက အစပျိုး ထားပါရစေ။ အဲးဒီလူက မြန်မာနိုင်ငံကနေ UNV နဲ့ ပြည်ပထွက်သွားလိုက်တာ အနည်းဆုံး၃ လ နေမှပြန်ဝင်ရမယ်ဆိုတဲ့ Rules ကို နားမလည် ဘဲ အရေးအခင်းဖြစ်ခါနည်းတော့စိတ်ပူပြီးပြန်ချလာပါရော ..။ လေဆိပ်ကနေ သူ့ ပတ်စ်ပိုစ် ကိုသိမ်းလိုက်ရောဆိုပါတော့ ..။ အဲဒီလူ ပျာနေပြီ ပြန်ထွက်လို့မရတော့ဘူး ။ ခွင့်တပါတ်နဲ့ ခဏပြန်လာတာတဲ့ ..။ ထိုင်ပြီးငိုရုံကလွဲလို့ဘာမှ မတတ်နိုင်ဘူးပေါ့ ..။ ကျနော်ကူညီလိုက်ပါတယ် ..။ အဲဒီတုန်းက အလုပ်ထဲမှာ ဦးအေးကိုရဲ့သား ကိုခင်မောင်ဆန်းရှိတယ် သူက ရိုးရိုးအေးအေးကြီး။ နောက်ပြီးဥိးစန်းယု […]