water-melonMay 23, 20121min44032
မနေ့ကဘေးအိမ်က အန်တီပြောပြတဲ့ ဟာသလေးကို ပြန်မျှတာပါ။ သူတို့ရွာက ဒေါ်သူရဆိုတဲ့ မိန်းမကြီးတစ်ယောက်က ရွာကနေမြို့ကို ဘုရားဖုူးကားနဲ့အလည်လိုက်လာတယ်။ တည်းတော့လေး ဘုန်းကြီးကျောင်းမှာ တည်းတာပေါ့။ တစ်နေ့ကျတော့  ညနေစောင်းမှာ ရွာက အတူတူပါလာတဲ့ ဘုရားဖူးတွေနဲ့ ဘုန်းကြီးကျောင်းရှေ့က အအေးဆိုင်မှာ အအေးသွားသောက်တယ်။ ကြံရည်မှာတဲ့သူနဲ့ အစုံမှာတာပေါ့နော် မြို့ရောက်တုန်းသောက်တာရတာဆိုတော့။ ဒေါ်သူရက ဘာသောက်ရမလဲ စဉ်းစားတယ်။ ရွာမှာတုန်းက ဘေးအိမ်က ဒေါ်မိထိုက်ပြောလိုက်တဲ့ ဖာလူတာ ကတော်တော်ကောင်းတယ်တဲ့။ အဲဒါကို ပြောရမှာ နာမည်မေ့နေတော စားပွဲထိုးကို ခေါ်ပြီး သူက ခေါင်းထဲရှိတာကိုပြောချလိုက်တယ်။ ဒီကို ‘ ဖင်နီတာ’ တစ်ခွက်ပေးပါတဲ့ ။ အဲလိုလဲပြောရော ဘေးကသောက်နေတဲ့သူတွေရော စားပွဲထိုးကရော ရယ်တာပေါ့။ ရှက်တဲ့ ရွာသူားတွေကတော့ ထပြန်သွားတယ်တဲ့။ ဟီး ဟီး ရွာသူားတို့လည်း မှားမပြောနဲ့နော်။ တစ်နေ့ […]