black chawMay 26, 20121min30418
ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲက နာရေးကြော်ငြာမှာပါတဲ့ ကွယ်လွန်သွားသူတစ်ယောက်အကြောင်းပြောချင်ပါတယ်ဗျာ။ ကိုသက်ခိုင်(ခ)တေးရေး ဖိုးခွား အသက် (၄၇) နှစ် တဲ့။ ၂၅-၅-၂၀၁၂ ညနေ ၃ နာရီမှာ ကွယ်လွန်သွားပါတယ်တဲ့။ နာရေးကြော်ငြာဖတ်ပြီး ကျွန်တော်လွမ်းသွားပါတယ်။ တေးရေးဖိုးခွားဆိုတာ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်လောက်တုန်းက အင်မတန်အောင်မြင်တဲ့ သီချင်းလေးတွေကိုရေးခဲ့တဲ့ သီချင်းရေးဆရာတစ်ယောက်ပါ။ ချစ်သူကို ဟိုးအမြင့်ကြီးမှာထားပြီး ကိုယ့်ကိုယ်ကိုတော့ အမြဲတမ်း နှိမ်ချ ရေးတတ်တဲ့ တေးရေးဆရာကိုပြပါဆိုရင် အဲဒီ လူဟာ ဖိုးခွားပါပဲ။ ဟုတ်ပါပြီ။ ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ဂစ်တာတီးတတ်စအချိန် လမ်းဘေးတီးဝိုင်းလေးတွေမှာ ကောင်မလေးတွေကို ကြူဖို့ အလွန်ကောင်းတဲ့ သီချင်းလေးများပါလို့ ကျွန်တော်က အလွန်အကျူးဖွဲ့ဆိုချင်ပါတယ်ဗျာ။ နမူနာလေးတွေနဲ့ ပြောကြည့်မယ်ဗျာ။ ၁၉၈၆ လောက်က မြန်မာပြည်မှာ တစ်ခုတည်းသော ရုပ်သံဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ စနေ၊ တနင်္ဂနွေ […]