Yin Nyine NwayNovember 26, 20111min24018
ခံရသမျှထဲမှာ ပေါ်တင်ကြီးက အခံရအခက်ဆုံးပဲ ရုံးမြှ ရင်ငြိမ်းအလုပ်က အစိုးရနဲ့ မပတ်သက်ရပါဘူး ဒါပေမဲ့ HR ကတယောက်ပဲရှိတော့ သူ့အလုပ်ကို ပါလုပ်ကူရတာမျိုးရှိတယ် တနေ့မှာတော့ ရုံးကဖုန်းသွားဆောင်ရမယ် အခွန်ရုံးမှာ ပိုက်ဆံသွားသွင်းရမယ် လုပ်ရမှာက 2နေရာ ဖုန်းဘေက 2သောင်း အခွန်ရုံးက 2သိန်း နောက်လည်းနောက်ကျနေပြီ အခွန်ရုံးအတွက် စာရွက်ကလည်းစီရအုန်းမယ် ဒါကြောင့်HR က အဒေါ်ကြီးကလည်း ပြာသလဲလဲနဲ့ ကားပေါ်က မဆင်းတော့ဘူး ဖုန်းဘေလေး သွားပေးပေးပါတဲ့ဆိုပြီး ဖုန်းစာအုပ်ထဲ ပိုက်ဆံထည့်ပေးလိုက်တယ် ဘုမသိ ဘမသိ ဖုန်းစာအုပ်ယူပြီး သွားဆောင်တော့ ကောင်တာ6မှာ မျက်နှာကြောတင်းတင်းနဲ့ ထိုင်နေတဲ့အမကြီး စာအုပ်ကို မဖတ်ပဲ ပေးလိုက်မိတယ် ဒါပေမဲ့ သူ့ဘေးက အမကြီးကတော့ 2သောင်းပဲမလား 2သိန်းတောင်နောလို့ပြောလိုက်သံတော့ ကြားလိုက်ပေမဲ့ မမေးမိလိုက်ဘူး စိတ်ထဲတမျိုးဖြစ်တာနဲ့ ကားထဲပြန်ရောက်တော့ အဒေါ်ကိုမေးကြည့်တယ် […]