ကျွန်တော်တို့မြို့မှာ လိုင်းရတာမကြာသေးတော့ ကျွန်တော်လည်း အင်တာနက်ဆိုတာကြီးကို အခုမှထိတွေ့ဖူးတယ်။ ညီဝမ်းကွဲက အင်တာနက်ဆိုင်ဖွင့်တော့ ကျွန်တော်က သူ့ဆီကလိုင်းခွဲယူတယ်လေ၊ သူကပဲ အစအဆုံးအကုန်လာလုပ်ပေးသွားတော့ ကျွန်တော်ကိုယ်တိုင် ဘာမှတတ်စရာမလိုဘဲ ကွန်ပြူတာဖွင့်တာနဲ့ အိုကေဖြစ်နေခဲ့တာ။ ကျွန်တော် စိတ်ကူးတစ်ခုပေါက်ပြီး ကလေးတွေကို အင်တာနက်နဲ့ ထိတွေ့ပေးချင်မိတယ်။ ကျွန်တော်တို့လမ်းက ဆင်းရဲသားအများစုနေတဲ့ သီးသန့်လမ်းကလေးပါ။ စုစုပေါင်း အိမ်၁ဝလုံးပဲရှိတယ်။ မျိုးဆက်သစ်များရဲ့ အခြေအနေကိုပြောရရင် တစ်လမ်းလုံးမှာ ကျွန်တော့်သမီးအပါအဝင် ကလေးပေါက်စနက သုံးယောက်။ ကလေးကြီးက ၄ယောက်။ ဒီကလေးကြီးတွေဟာ သူများကလေးကြီးတွေလို ဂိမ်းဆိုင်ထိုင်နိုင်တဲ့ ကလေးတွေမဟုတ်ပါဘူး။ ကွန်ပြူတာမှာ ကြွက်ခလုတ်ကိုတောင် မကိုင်တတ်တဲ့ကလေးတွေပါ။ ကျွန်တော်လည်း အင်တာနက်ဆိုင်ပိုင်ရှင် ညီဝမ်းကွဲရဲ့ အကူအညီနဲ့ အိမ်မှာ ကွန်ပြူတာ အစုတ်ကလေး ၂လုံးထပ်ဆင်ပြီး ကလေးတွေကို ကွန်ပြူတာလာကိုင်ကြဖို့ ဖိတ်ခေါ်တော့ ကလေးတွေက နေ့မဆိုင်းဘဲ ချက်ချင်းလာအားပေးကြတယ်လေ။ ကျွန်တော်က […]