ကျွန်မက ဗမာဖြစ်ရတာကို အရမ်းဂုဏ်ယူတဲ့ ဗမာလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ၄ နှစ်ကျော် ပညာသင်ကြားခဲ့ပါတယ်။ တရုတ်ဘာသာသင်ကြားရတဲ့ တစ်နှစ်တာအတွင်းမှာ ကျွန်မရဲ့တိုင်းပြည် သာယာလှပကြောင်းနဲ့ တိုင်းသူပြည်သားတွေ စိတ်ထားကောင်းကြောင်း၊ ကျွန်မတို့ ဘာသာတရားကိုင်းရှိုင်းကြောင်း၊ သယံဇာတပေါကြွယ်ဝကြောင်း အလျဉ်းသင့်သလိုပြောပြပါတယ်။ ဘာသာစကားသင်တာဆိုတော့ ဝါကျဖွဲ့တာတို့ စာစီစာကုံးရေးတာတို့ အမြဲလုပ်ရပါတယ်။ ကျွန်မရဲ့ဥပမာပေးတဲ့စာကြောင်းတိုင်းက မြန်မာနိုင်ငံအကြောင်းတွေချည်းပါပဲ။ ကျွန်မက အတန်းထဲမှာ စည်းကမ်းအလိုက်နာဆုံးနဲ့ စာအတော်ဆုံးကျောင်းသားဖြစ်အောင်နေခဲ့ပါတယ်။အကျင့်စာရိတ္တပိုင်းမှာလဲ ဗမာဆိုတာ နိုင်ငံခြားသားတွေကြားထဲမှာ လုံးဝကိုကွဲထွက်နေပါတယ်။ တခြားတိုင်းပြည်တွေကိုတော့ မရောက်ဖူး မကြုံဖူးလို့ မသိပါ။ အင်မတန်တိုးတက်နေတဲ့တရုတ်ပြည်နဲ့ယှဉ်လိုက်ရင် ကျွန်မတို့တိုင်းပြည်က ဆင်းရဲနေတယ်လို့ အမြင်မှာ မြင်သာနေပါတယ်။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာတော့ မဆင်းရဲဘူးလို့ခံယူထားပါတယ်။ သူတို့လူမျိုးတွေက တိုက်ခန်းနဲ့ပဲနေနိုင်ပါတယ်။ လုံးချင်းအိမ်ယာနဲ့မနေနိုင်ပါဘူး။ ကျွန်မတို့က အိမ်နဲ့သစ်ပင်နဲ့နေနိုင်ပါတယ်။ သူတို့တွေက မြေဩဇာတွေနဲ့စိုက်ပျိုးပြီးကြီးထွားနေတဲ့ အရသာမရှိတဲ့ အသားနဲ့အသီးအရွက်တွေကိုပဲ စားနိုင်ပါတယ်။ ကျွန်မတို့ကတော့ လတ်ဆတ်ပြီး […]