ဗမာဖြစ်ရတာ ဂုဏ်ယူစရာပါ …
ကျွန်မက ဗမာဖြစ်ရတာကို အရမ်းဂုဏ်ယူတဲ့ ဗမာလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ၄ နှစ်ကျော် ပညာသင်ကြားခဲ့ပါတယ်။ တရုတ်ဘာသာသင်ကြားရတဲ့ တစ်နှစ်တာအတွင်းမှာ ကျွန်မရဲ့တိုင်းပြည် သာယာလှပကြောင်းနဲ့ တိုင်းသူပြည်သားတွေ စိတ်ထားကောင်းကြောင်း၊ ကျွန်မတို့ ဘာသာတရားကိုင်းရှိုင်းကြောင်း၊ သယံဇာတပေါကြွယ်ဝကြောင်း အလျဉ်းသင့်သလိုပြောပြပါတယ်။ ဘာသာစကားသင်တာဆိုတော့ ဝါကျဖွဲ့တာတို့ စာစီစာကုံးရေးတာတို့ အမြဲလုပ်ရပါတယ်။ ကျွန်မရဲ့ဥပမာပေးတဲ့စာကြောင်းတိုင်းက မြန်မာနိုင်ငံအကြောင်းတွေချည်းပါပဲ။ ကျွန်မက အတန်းထဲမှာ စည်းကမ်းအလိုက်နာဆုံးနဲ့ စာအတော်ဆုံးကျောင်းသားဖြစ်အောင်နေခဲ့ပါတယ်။အကျင့်စာရိတ္တပိုင်းမှာလဲ ဗမာဆိုတာ နိုင်ငံခြားသားတွေကြားထဲမှာ လုံးဝကိုကွဲထွက်နေပါတယ်။
တခြားတိုင်းပြည်တွေကိုတော့ မရောက်ဖူး မကြုံဖူးလို့ မသိပါ။ အင်မတန်တိုးတက်နေတဲ့တရုတ်ပြည်နဲ့ယှဉ်လိုက်ရင် ကျွန်မတို့တိုင်းပြည်က ဆင်းရဲနေတယ်လို့ အမြင်မှာ မြင်သာနေပါတယ်။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာတော့ မဆင်းရဲဘူးလို့ခံယူထားပါတယ်။
သူတို့လူမျိုးတွေက တိုက်ခန်းနဲ့ပဲနေနိုင်ပါတယ်။ လုံးချင်းအိမ်ယာနဲ့မနေနိုင်ပါဘူး။ ကျွန်မတို့က အိမ်နဲ့သစ်ပင်နဲ့နေနိုင်ပါတယ်။
သူတို့တွေက မြေဩဇာတွေနဲ့စိုက်ပျိုးပြီးကြီးထွားနေတဲ့ အရသာမရှိတဲ့ အသားနဲ့အသီးအရွက်တွေကိုပဲ စားနိုင်ပါတယ်။ ကျွန်မတို့ကတော့ လတ်ဆတ်ပြီး အရသာရှိတာတွေကို စားနိုင်ပါတယ်။
သူတို့တွေက ရာသီဥတုဆိုးဝါးမှုကို ခံစားရပါတယ်။ ကျွန်မတို့ကတော့ တစ်နှစ်ပတ်လုံးပုံမှန်ဖြစ်နေတဲ့ ရာသီဥတုမှာနေရပါတယ်။
သူတို့တွေက လောဘကြီးပြီး အရမ်းတိုးတက်ချင်လို့ အမြဲတမ်းပူလောင်နေကြပါတယ်။ ကျွန်မတို့ကတော့ ရောင့်ရဲတင်းတိမ်ကြလို့ သက်တောင့်သက်တာနေနိုင်ပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးတွေက သူတို့အိမ်ထောင်ဘယ်နေ့ပြိုကွဲမလဲဆိုပြီး အမြဲစိတ်ပူနေကြရပါတယ်။ ကျွန်မတို့မှာတော့ အဲဒီကိစ္စကို သိပ်ပူစရာမလိုပါဘူး။
သူတို့တွေက အလုပ်မကျိုးစားရင် တစ်ခုခုအမှားလုပ်မိရင် အလုပ်ပြုတ်မှာဆိုတော့ အမြဲသတိထားပြီး စိတ်ဖိစိမှုဒဏ်ကို ခံနေကြရပါတယ်။ ကျွန်မတို့ကတော့ ပူစရာမလိုပါဘူး။ အလုပ်မပြုတ်ပါဘူး။
သူတို့တွေမှာ စိတ်ကိုကုစားပေးနိုင်တဲ့ ဘာသာတရားမရှိပါဘူး။ ကျွန်မတို့ကတော့ စိတ်အေးချမ်းမှုကို အလွယ်တကူခံစားနိုင်ပါတယ်။
သူတို့လူမျိုးတွေက အင်္ဂလိပ်စာအသံထွက်ကိုမှန်အောင်မထွက်နိုင်ပါဘူး။ ကျွန်မတို့ကတော့ ငါးပိစားပေမယ့် အသံမှန်အောင်ထွက်နိုင်ပါတယ်။
သူတို့ဆီမှာ မီးနဲ့အင်တာနက်အမြဲရပါတယ်။ မျက်စိကိုအနားမပေးရလို့ ၈၀%လောက် မျက်မှန်တပ်ကြရတယ်။ အိပ်ရေးလဲမဝကြပါဘူး။ ကျွန်မတို့ကတော့ မျက်စိအချိန်ပြည့်အလုပ်မလုပ်ရပါဘူး။ မျက်စိအနားရပါတယ်။
တခြားအများကြီးရှိပါသေးတယ် … သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ဒီ့ထက်ပိုမရေးချင်တော့လို့ပါ …
ဘယ်လိုပဲယှဉ်ယှဉ် ကျွန်မတို့ဗမာက ရင်ကော့ပြီး ဂုဏ်ယူနိုင်တဲ့အကြောင်း ပြည်တွင်းမှာ အားငယ်ပြီး စိတ်ဓါတ်ကျနေတဲ့ လူငယ်တွေကို အသိပေးချင်လို့ပါ … ကျွန်မထင်ပါတယ် .. ဗမာလူမျိုးအနေနဲ့ ဗမာပြည်မှာ လူဖြစ်လာရတာ အလွန်တရာကံကောင်းလို့ပါ … ကျွန်မလိုပဲ ဂုဏ်ယူကျေနပ်နိုင်ပါစေလို့ ဆန္ဒုပြုရင်း …
34 comments
akswe
November 5, 2010 at 1:46 am
ကျေးဇူးအရမ်းတင်ပါတယ်ဗျာ…ဗမာလူမျိုးဖြစ်ရတာကျေနပ်ဂုဏ်ယူနေပေမယ်. အဲဒီလောက်အသေးစိတ်တွေးပြီးမစဉ်းစားမိဘူး၊ သူများနိုင်ငံမှာ အခစားလုပ်နေရလို. သိမ်ငယ်မိတဲ့စိတ်တွေ ပြန်ပြီး အားတက်ကျေနပ်ရပါတယ်၊
bigcat
November 5, 2010 at 1:49 am
ဖတ်လို့ကောင်းပါသည်။ ဒါပေမဲ့ ကျနော်ကိုမတော်လို့များ လမ်းမာတွေ့ရင် မြန်မာလို့တော့ လာမပြောနဲ့နော်။
ဆူး
November 5, 2010 at 12:34 pm
တရုတ်ပြည်မှာ ကြောင် ဈေး ကောင်းလို့လား
weiwei
November 5, 2010 at 2:14 am
ဟုတ်ကဲ့ … bigcat ကိုလမ်းမှာတွေ့ရင် နှုတ်မဆက်ပဲ ဖမ်းပြီး တရုတ်ပြည်ကို ရောင်းစားပစ်မှာ …
မိုက်ကယ်ဂျော်နီအောင်ပု
November 5, 2010 at 2:15 am
အဲ့ဒါကိုပြောတာပေါ့
ငပိစားပြီး အသိတရားရှိတာ ဒို ့မြန်မာတွေပါ
ဟမ်ဘာကာစားပြီး
အသိတရားမရှိတာ အမေရိကန်နိုင်ငံသားတွေ လေ
ဟီဟိ
ဗျို ့ဒီဘက်က နားကျပ်တောင်တွေ ဝယ်ကြဦးမလား?
paukpauk
November 5, 2010 at 11:13 am
အော် weiwei ကတရုတ်နဲ့မှ သွားနှိုင်းတာကိုး။
စိတ်ချမ်းသာတာပေါ့လေ။
ကောင်းပါတယ်…။
kopauk mandalay
November 5, 2010 at 3:21 pm
အဖော်ရပြီဗျို့။
ကျနော်နိုင်ငံခြားမရောက်ဘူးပါဘူး။
ဒါပေမယ့် နိုင်ငံခြားကို ပညာသင်တာလို အလယ်အပတ်လိုတော့ သွားခြင်ပါတယ်။
သူတို့ ဆီက ရုပ်ရှင်တွေကြည့်တာ သူများပြောတာနားထောင်တာနဲ့ တင် ဘဝအမောကြီးကိုဖြတ်နေရသူတွေလို့ တွေးပြီးသနားပါတယ်။
ဒီမှာ မီး ရေ အတွက် စိတ်ညစ်ရပါတယ်။
ဒါပေမယ့် နေစရာ ငွေ အလုပ် တို့ အတွက် အရမ်း ပူပန်မနေရသေးပါဘူး။
နိုင်ငံခြားရောက်သူငယ်ချင်းတွေအကြောင်း ကြားရရင် မအားတာဘဲ ကြားရပါတယ်။
ကျနော်တို့လို သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင် မထိုင်နိုင်ဘူး။
သတိရတဲ့ သူငယ်ချင်းအိမ်ကို ကြိုမချိန်းဘဲ သွားမလယ်နိုင်ဘူး။
ဘာပြောပြော မြန်မာဖြစ်ရတာ ကို ဂုဏ်မငယ်ပါဘူး၊
ဘယ်နေရာ ရောက်ရောက် မြန်မာလို့ပြောရဲပါတယ်။
အထင်သေးတာ မသေးတာ သူတို့အလုပ်။
ကို်ယ့်လူမျိုး ကို ကိုယ်မြတ်နိုးတာ ချစ်တာ ကိုယ့်အလုပ်လို့ ခံယူပါတယ်။
ဆူး
November 5, 2010 at 4:05 pm
မှန်လိုက်လေ.. လေးပေါက်ရယ်.. ဆူးကတော့ ဘယ်ရောက်ရောက်.. မြန်မာလို့ ပွင့်ပွင့် လင်းလင်း ပြောတယ်.. မပြောရဲလို့ ညာပြောလိုက်တာ တနေရာဘဲ ရှိဘူးတယ်.. ဒီမှာတော့ မညာဘူး ပြောပြမယ်.. ယိုးဒယား နိုင်ငံ အယုဓယ ကို သွားလည်တုန်းက.. သူတို့ကို ဗမာတွေက ဘယ်လို ဆော်သွားလို့ ဗမာတွေ ကို ဘယ်လို မုန်းတယ်ဆိုတာကြီးဘဲ.. ကြားရတာတော့ စိတ်ကောင်းပါဘူး.. မေးလာတဲ့ အခါ အမှန်ကို ဖွင့်မပြောဘဲ နားမလည်ချင်ယောင်ဆောင်နေလိုက်တယ်.. သူတို့ နိုင်ငံကို အလောင်းမင်းတရားက ဆော်သွားလို့ ခံရကြောင်း.. အကျယ်တဝံ့ ပြောသွားလိုက်တာ စိတ်တောင် မကောင်းဘူး.. မြန်မာတွေ ကို သူတို့ ဆီမှာ မုန်းတီးရေးဝါဒ တော်တော် ကြီးပါလားလို့.. ဘုရားတွေ ခေါင်း တခုမှ မရှိဘူး.. မေးကြည့်တော့.. စစ်တိုက်ရင်းနဲ့ ခေါင်းတွေ ဖြတ်သလိုလို ဘာလိုလိုနဲ့ ရှင်းသွားတယ် ဂိုက်က.. မရေရာလို့.. သေချာ မေးတဲ့ ဖိလစ်ပိုင်ကြီးကိုဘဲ ကျေးဇူးတင်ရမယ်.. ဘုရားခေါင်းတွေ မြန်မာ မင်းတွေ ဖြတ်လေး သလား ထင်မိတာ.. ယိုးဒယား တွေ ဘုရား ခေါင်းဖြတ်ပြီး နိုင်ငံခြား ခိုးထုတ်ထားတာ.. ရှေ့ဟောင်း ပစ္စည်း ဈေးကောင်းတယ်တဲ့.. လူတွေလည်း မလွယ်ဘူး.. လူမျိုးရေး ဝါဒ ဆိုတာ နေရာတိုင်းမှာ အရေးပါတယ် ဆိုတာ အမှန်ဘဲ.. သူတို့ သမိုင်းကိုတော့ သူတို့ပြောတာ နားထောင်ခဲ့တာဘဲ ရှိတယ်.. ထင်တာတော့ စစ်ဖြစ်တယ် ဆိုရင်တော့.. အသေ အကျေ အပျက်အစီးကတော့ ရှိကြမှာဘဲ.. ပြောရင်းနဲ့.. ဘယ်ရောက်သွားမှန်း မသိတော့ဘူး..
မြန်မာ မြေမှာ လူဖြစ်ရတာ မချမ်းသာပေမဲ့ ဗုဒ္ဓဘာသာ အသိရှိတဲ့ မိဘတွေ ဆီမှာ လူဖြစ်လာလို့ သဘောကျတယ်။ မိဘတွေက အခြေခံ အသိ ပေးလို့.. ကိုယ်တိုင် လေ့လာ အားထုတ်မှုရှိလာတာဘဲ။ ရုပ်ဝါဒီ ဆန်ပြီး တနေကုန် လူနေမှုက နာရီကြည့်ပြီး ရှင်သန်နေရတဲ့ ဘဝတွေ မဟုတ်တဲ့ အတွက် ဝမ်းသာမိတယ်။ ငွေကြေးကြွယ်ဝမှုထက်.. သာသနာ ရှိတဲ့ အရပ်မှာ လူဖြစ်ရလို့ ကျေနပ်ပါတယ်။ ဘယ်လောက် ကောင်းတယ် ပြောပါစေ.. ဘုရား တရား သံဃာ မရှိတဲ့ အရပ်မှာ မနေချင်ဘူး.. ပထမဆုံး အကြိမ် ခရီးကတုန်းက စိတ်ထဲမှာ တမျိုးကြီးဘဲ..တခြား တိုင်းပြည်က လူတွေက အမြဲ ကြည့်လိုက်ရင် ပူလောင်မှုတွေ ဖိစီးနေကြတယ်။ ဘုရား စေတီတွေမြင်မှ စိတ်ထဲ နဲနဲ အေးချမ်းသွားတယ်.. ငါ မြေ ကို ငါပြန်ရောက်ပြီဆိုတဲ့ အတွေး အဲဒီ ခံစားချက်ကို မပြောပြတတ်လောက်အောင်ပါဘဲ..
weiwei
November 5, 2010 at 4:17 pm
ဟုတ်တယ် … လူ့ဘဝက တိုတိုလေးပါ … သာသနာထွန်းကားတဲ့ ဗမာပြည်မှာလူဖြစ်ရတာ ကံအကောင်းဆုံးပါပဲ …
seinmyatsoe
November 6, 2010 at 7:53 pm
ဟုတ်လိုက်တာဗျာ၊ တရုတ်ပြည်ကတော်သေးတယ်ထင်တယ်၊ အနောက်နိုင်ငံတွေကပိုဆိုးမယ်ထင်တယ်။ သူတို့ကအရမ်းရုပ်ဆန်ကြတယ်၊ လူနေမှုအဆင့်အတန်း တွေမြင့်ကြပါတယ်၊ ဒါပေမဲ့စက်ရုပ်တွေလိုပဲလို့ခံစားရတယ်။ တကယ်တော့ဒီအနောက်နိုင်ငံတွေ မှာဘာမှသဘာဝပစ္စည်းတွေမတွေ့ရဘူး။ မြန်မာပြည်မှာအားလုံးပေါတယ်။ အစားအသောက်လည်း အားလုံးလတ်လတ်ဆတ်ဆတ်ချည်းပဲ။ နိုင်ငံခြားရောက်တာ မတတ်သာလို့ရောက်ပေမဲ့၊ လူဖြစ်ရှုံးတယ် ခံစားရတယ်။
mitesmith
November 7, 2010 at 12:36 am
နုူိင်ငံ ကြီး ၃ ခုလောက် သွားလေ့လာ လိုက်ပါအုံး။
ကိုပွကြီး
November 7, 2010 at 3:38 am
မြန်မာတိုင်းဟာ မြန်မာပြည်ကို ချစ်ကြပါတယ် .. နေလည်းဒီမှာ …စားလည်းဒီမှာ … သေလည်း ဒီမှာပဲ ဖြစ်ချင်ကြတာပေါ့ … ဒါပေမဲ ့ ဘာလို ့ ကျနော်တို ့ မြန်မာတွေ သူများတိုင်းပြည်ကို အကြောင်း အမျိုးမျိုး နဲ ့ ့ထွက်ကြရတာလဲ … အဖြေက ရှင်းသလို အားလုံးလည်း သိကြမှာပါနော် … လက်ရှိ မြန်မာပြည်ဟာ မြန်မာတွေ မပျော်နိုင်တဲ ့ ဘဝပါခင်ဗျား
ဆူး ခင်ဗျား …. သမိုင်းကို အမှန်အတိုင်း လက်ခံပေးပါလား … အလောင်းဘုရားက ယိုးဒယားကို နယ်ချဲ ့စိတ်နဲ ့ ဝင်တိုက်ခဲ့တာ ပညာတတ်တိုင်း သိပါတယ် …. သူ ဘာတွေ ကျိန်စာ တိုက်ခဲ့တာလည်း လေ ့လာကြည် ့မယ်ဆိုရင် အံ ့ဩစရာတွေ တွေ ့ရမှာပါ …. ( ဆူး လည်း ယိုးဒယားမှာ လူဖြစ်ခဲ ့ရင် အလောင်းဘုရား ကျိန်စာတိုက်ခဲ ့တဲ ့ အဲဒီအဆောင်မျိုး ဆောင်ထားရဦးမှာပါ ဟီး..ဟီး ) …
ကျနော်တို ့ မြန်မာမှာတောင် အင်္ဂလိပ် နယ်ချဲ ့ ငဇင်ကာ အမျိုးယုတ် ဘာညာ ဆိုပြီး အခုထိ စိတ်နာနေသေးရင် ထိုင်းတွေက ကျနော်တို ့ကို ခုထိ အမြင် မကြည်တာလည်း အံ ့ဩစရာတော ့ မဟုတ်ပါဘူး …နော်
ထပ်ဆင် ့ပြီး ရှက်ဖို ့ကောင်းတာက ခုချိန်မှာ ကျနော်တို ့ မြန်မာတွေ အလုံးအရင်း နဲ ့ဝင်ပြီး ယိုးဒယားမှာ ရသမျှ အလုပ်တွေ လုပ်စားကိုင်စားသောက် နေရတာပါပဲ … ဖြစ်နိုင်ရင် အလောင်းဘုရားကို ရောက်ရာ ဘဝက ခေါ်ပြလိုက် ချင်ပါတယ် …
အသံကောင်း ဟစ်နေမဲ ့ အစား အမှန်တရားကို လက်ခံပြီး ကိုယ် ့အမျိုး တိုးတက်ရာ တိုးတက်ကြောင်းပဲ ပြောပါလား … နော် ။
weiwei
November 7, 2010 at 3:48 am
ကျွန်မက စမိတာဆိုတော့ ကျွန်မရဲ့စေတနာအရင်းခံကိုရှင်းပြပါရစေ .. ကျွန်မပြောတဲ့အထဲမှာ စီးပွားရေး ရုပ်ပိုင်းဆိုင်တာ တိုးတက်မှု မပါပါဘူး … စိတ်ကိုသာအဓိကထားပါတယ် … ဘာသာရေးအရ ကျွန်မတို့က သာလွန်တာ လူတိုင်းလက်ခံသင့်ပါတယ် …
မတိုးတက်နေပေမယ့် အကောင်းဘက်က လှည့်တွေးလိုက်ရင်လဲ နေပျော်ပါတယ်ဆိုပြီး ကိုယ့်စိတ်ကိုယ်အားပေးမိရင်း ချရေးလိုက်မိတာပါ …
ဆူး
November 7, 2010 at 9:28 am
ကိုပွကြီး(((လက်ရှိ မြန်မာပြည်ဟာ မြန်မာတွေ မပျော်နိုင်တဲ ့ ဘဝပါခင်ဗျား))((ဆူး ခင်ဗျား …. သမိုင်းကို အမှန်အတိုင်း လက်ခံပေးပါလား )) သမိုင်းကို လက်မခံနိင်ဘူးလို့ တခါမှ မပြောခဲ့ဘူး.. သမိုင်းကြောင်း ရှင်းပြတယ်လို့ ပြောတာဘဲ.. ကိုပွကြီး ငပိငပိချင်း ဘာကွာလဲ ဆိုတဲ့ ပိုစ်မှာ ရေးထားတာလေး သတိရလို့ (((မြန်မာဖြစ်ပြီး ဒီလောက်လေးတောင် အကောင်းမြင်စိတ် နဲ ့ မတွေးပေးနိုင်ဘူးလားဗျာ … အောက်တန်းကျလိုက်တာ …
ခုခေတ် မြန်မာလူငယ်တွေဟာ ငတုံးတွေ ငအတွေ မဟုတ်တော့ဘူးဆိုတာတော့ လက်ခံပေးပါ …))) အဲဒီလိုဘဲ.. သူများ နိုင်ငံမှာ သွားလုပ်နေရတာ ကံ အကြောင်းမလှလို့ ကျွှန်သွားခံနေရတာပါ။ မြန်မာလည်း အရင်က ကျားပါ.. အခုတော့ အရေခွံစုပ်ခံရလို့.. အရောင်မထွက်နိုင်တာပါ။ အရောင်မထွက်ပေမဲ့ ကြိုးစားချင်တဲ့ စိတ်ကလေးနဲ့ ကိုယ်ဘာလဲ.. ကိုယ်ဘာလုပ်သင့်သလဲ.. အခြေလှရင် အားလုံး ပြည်တော်ပြန်ချင်ကြမှာဘဲ.. ((မြန်မာတိုင်းဟာ မြန်မာပြည်ကို ချစ်ကြပါတယ် .. နေလည်းဒီမှာ …စားလည်းဒီမှာ … သေလည်း ဒီမှာပဲ ဖြစ်ချင်ကြတာပေါ့ … )) အဲဒီစကား အတိုင်းဘဲ.. ကိုပွကြီး ရေ.. ဒီကနေ မထွက်နိုင်တဲ့ လူတွေက ဥပမာ အားဖြင့် အိမ်ကြီးတလုံးထဲမှာ နေတဲ့ လူတွေ အိမ်ပြင်မထွက်နိုင်ပေမဲ့ အိမ်ထဲမှာတော့ ဖြစ်သလို မနေသင့်ဘူး.. အိမ်အတွက် လိုအပ်တာတွေ လုပ်သင့်တယ်။ အိမ်ကို လာလည်တဲ့ သူတွေ အိမ်ထဲမှာ ရှိတဲ့ လူတွေကို အထင်ကြီး လေးစားခံရတဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်သင့်တာမျိုးပေါ့။ အိမ်ကို လာလည်တဲ့ လူမရှိဘဲ အိမ်ထဲက လူတွေ ကို အလေး မထား သလို ပုံစံမျိုးနဲ့.. အိမ်ပြင်က လူတွေ ဘဲ နားလည်တဲ့ အပြုအမှုမျိုးတွေ အိမ်ထဲက လူတွေအတွက်.. ဘယ်လို နေမလဲ.. သူများ အိမ်တွေ ဘယ်လို လုပ်လို့ တိုးတက်ချမ်းသာ သလဲ အရင်လေ့လာပါ။ ကိုယ်တိုင် အားထုတ်ပါ။ သမိုင်းဆိုတာ နိုင်ငံ တိုင်းမှာ ရှိတယ်။ မတူညီတဲ့ သမိုင်းတွေ ရှိကြပေမဲ့.. လက်ရှိ အနေအထားနဲ့ လက်ရှိ လူတွေ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်နဲ့ အကောင်းဆုံး ဖြစ်အောင် နေသင့်တာပေါ့။ အမုန်း ဝါဒ ကြီးစိုးတယ် ဆိုတာ.. မြန်မာ ဘက်က ခံစားချက်လေ.. လောကမှာ ရန်ငြိုးထားပြီး အမုန်းတွေ ပွားနေလို့ စစ်တွေ ဖြစ်နေကြတာ.. ဂေဇတ်မှာတော့ တိုက်ပွဲ မဖြစ်ချင်ဘူး။
naywoonni
November 9, 2010 at 3:17 pm
ဆူးရေ…..
ဂေဇက်မှာတင်မဟုတ်ပါဘူး
ဘယ်မှာမှမဖြစ်ချင်ပါဘူး….ဘာတဲ့ပြောပြောနေတာကြားဖူးတာရှိတယ်လေ
ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိနေတယ်ဆိုတာလေ………..
မလိုချင်တာတွေရှိနေရင်တော့တိုက်ထုတ်ရမှာပဲလေ………
renew
November 9, 2010 at 3:29 pm
谢谢 weiwei … တစ်ခါတစ်ခါမှာ သူများနိုင်ငံကို သဘောကျပေမဲ့ ခုနက ပြောသွားတဲ့ အချက် ကလေးတွေကို တွေးကြည့်တော့ နေတက်ရင် ကျေနပ်စရာပါလားဆိုတာ သိလာပါတယ် …
char too lan
November 10, 2010 at 4:21 am
Buddhism ဆိုတာကိုဂုဏ်ယူဝင့်ကြွားတတ်ပေမယ့် Burmese လို့ပြောရတာတခါတခါတော့ အားမရခဲ့ပါဘူး မဝေရေ….
saunghnin@gmail.com
November 10, 2010 at 4:46 am
ဒို့တွေလည်းဗမာဖြစ်ရတယ်ဆိုပြီး တစ်ခါမှမသိမ်ငယ်မိပါဘူး။
ဆူး
November 10, 2010 at 5:58 am
ဆိုင်တွေမှာ ဈေးဝယ်ရင်.. တို့က အမျိုးတူမို့ လျော့ပေးလိုက်တယ်နော်.. အဲဒီလို စကားလေးနဲ့ အမျိုးတူတွေ အားပေးကြတယ်။ မြန်မာအမျိုးသားများပိုင် ဆိုင်ဖြစ်ပါသည် လို့ ရည်ညွန်းတဲ့ ဆိုင်းဘုတ်တော့ တော်တော် မြင်ရခဲတယ်။ ကိုယ်ဟာကို ချစ်တတ်မှ အများကလည်း ချစ်လာမှာ..
နီလေး
November 10, 2010 at 6:00 am
ဗမာဖြစ်တာဂုဏ်ယူရပေတော့မပေါ့ ဂုဏ်ယူချင်ပါတယ် ခက်တာကဂုဏ်ယူစရာမရှိဘူးလေ
weiwei
November 10, 2010 at 6:26 am
ဂုဏ်ယူစရာရှိအောင်လုပ်လို့ရပါတယ် … ဗမာလူမျိုးတွေက မညံ့ကြပါဘူး … ကျွန်မက ပညာသင်နေဆဲကျောင်းသားတစ်ယောက်ပါ … တခြားနိုင်ငံက ကျောင်းသားတွေ တရုတ်ကျောင်းသားတွေကြားထဲမှာတော့ ကျွန်မက ထူးထူးချွန်ချွန်ဖြစ်နေလို့ ဗမာဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားပါတယ် … ကျွန်မလိုပဲ တခြား ဗမာကျောင်းသားတွေလဲ ထူးချွန်ကြပါတယ် … ကျွန်မတို့ ဗမာပြည် ပညာရေးစနစ်ကို အပြစ်တင်နေမယ့်အစား ကိုယ်တိုင်အရည်အချင်းတိုးတက်လာအောင် ကြိုးစားပြီး ဂုဏ်တက်အောင် လုပ်နိုင်ကြဖို့ တိုက်တွန်းချင်ပါတယ် …
bigcat
November 10, 2010 at 6:35 am
အေးပေါ့ဗျာ မဝေဝေ တခါပြောဖူးတာမှတ်ထားတာ ဝေဝေ့အဖေက အစိုးရအဖွဲ့ဝင်ဝန်ကြီးတပါးဆိုတော့ ဂလိုပဲပြောရပေမပေါ့။ ကျနော်တို့လို သာမန်လူတန်းစားတွေအဖို့ကတော့ တော်တော်သီးခံရပါတယ်။ ဒါနဲ့မေ့သွားလို့ မဝေဝေအဖေက ဘယ်ဝန်ကြီးဌာနက ဝန်ကြီးလဲ။
moethidasoe
November 10, 2010 at 6:38 am
တို့တော့ ဂုဏ်ယူတယ် .. ဆူး ပြောတာကို ထောက်ခံပါတယ် ..
အခုအချိန်အထိ .. (တစ်ချို့ကတော့ တုံးတယ် .. ဂနိုင်ကျတယ်လို့ ဆိုတယ်) .. နိုင်ငံခြားရောက် သူငယ်ချင်းတွေ ခေါ်ပေမယ့် မသွားဘူး .. နိုင်ငံခြားဆိုတာ .. အစည်းအဝေးအတွက်လောက်ပဲ ရောက်ဖူးတယ် .. ရေရှည် နေကြည့်ဖို့ မစဉ်းစားဘူး ..
ပြည်တွင်းမှာတောင် နိုင်ငံခြားသား အများစု အုပ်ချုပ်တဲ့ အဖွဲ့က ခေါ်တာတောင် မလုပ်ဖူး ..
အဲဒီလောက်အထိ မြန်မာဖြစ်ရတာကို ဂုဏ်ယူတယ် ..
အခုချိန်မှာ ခံစားနေရတာတွေကို .. ဟိုဘဝ ဘဝတွေတုန်းက သူတို့အပေါ် ပြစ်မှားမိခဲ့လို့ ပြန်ခံရတာ လို့ပဲ တွေးရင်း ဖြေသိမ့်နေတယ် .. သိပ် မခံစားနိုင်မှ .. စာ နဲ့ပဲ ပေါက်ကွဲဖြစ်ပါတယ် ..
weiwei
November 10, 2010 at 6:40 am
မနောက်ပါနဲ့ ကိုကြောင်ကြီးရယ် .. ကျွန်မအဖေက နယ်မြို့လေးတစ်မြို့က ဈေးထဲမှာ ဈေးရောင်းတဲ့ ဈေးသည်တစ်ယောက်သာလျှင်ဖြစ်ပါတယ် … မည်သည့် အစိုးရအဖွဲ့နဲ့မျှမပတ်သက်ပါဘူး … ကျွန်မကလဲ သာမန်လူတန်းစားတစ်ယောက်ပဲဖြစ်ပါတယ် … အခုလို ကျွန်မပြောလိုက်တာကလဲ ဆန္ဒရှိရင် လုပ်လို့ရပါတယ်ဆိုတဲ့ စေတနာသက်သက်ပါ … တလွဲမထင်ပါနဲ့ ..
bigcat
November 10, 2010 at 6:56 am
ဆောရီးပါဗျာ။ ဦးကြောင်ကြီး အမှတ်မှားတာနေပါလိမ့်မယ်။ အဲဒီတုန်းကမှတ်လိုက်တာ မဝေဝေအဖေက ကျောက်ဆည်နယ်ကဆိုလား ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကြိုးစားပြီး လူအကြီးကြီး တယောက်နဲ့ သိခဲ့လို့ ဝန်ကြီးအဆင့် နိုင်ငံတော်အသင်းကြီးတခုမှာ တာဝန်ထမ်းဆောင်တယ်၊ အခုတက်နေတဲ့ ကျောင်းကလည်း အဲဒီလူအကြီးကြီးရဲ့ သမီးပီအိပ်ချ်ဒီဒေါက်တာဘွဲ့ယူခဲ့တဲ့ တက္ကသိုလ်လို့ မှတ်လိုက်မိလို့ပါ။
ဒါဆိုရင်လည်းပြီးရော မဟုတ်ဘူးလို့မှတ်လိုက်မယ်။
april
November 10, 2010 at 6:59 am
မweiweiရေ .. aprilလည်း ဗမာဖြစ်ရတာကို ဂုဏ်ယူပါတယ်..ဘာဖြစ်လို့လည်းဆိုတော့ ဗုဓ္ဒဘာသာက တစ်ခြားတိုင်းပြည်တွေထက် မြန်မာနိုင်ငံမှာ ထွန်းကားနေတုံးမို့ပါ….commentရေးထားတာတွေဖတ်ပြီး တိုက်ပွဲလေးတွေဖြစ်နေ သလိုဘဲ.. ဆူးရေ မောနေမယ် စိတ်လျော့လိုက်နော်….ဆူးတို့ မweiweiတို့ရေးတဲ့ Postတွေကို အားပေးနေပါတယ်။ 🙂
weiwei
November 10, 2010 at 7:05 am
လုံးဝလုံးဝ မဟုတ်ရပါ ကိုကြောင်ကြီးရယ် … ကိုကြောင်ကြီး အဲဒီလိုထင်တာကို ဝမ်းသာရမလိုလို ဝမ်းနည်းရမလိုလိုနဲ့ တမျိုးကြီးဖြစ်သွားတယ် …
ဆူး
November 10, 2010 at 7:45 am
ဦးလေး ကြောင်ကြီး.. အပ်ဖီအိုင် က လားဟင်.. ဆူး ကြောက်တယ်နော်.. စနွင်းမကင်းဖြစ်.. အဲ.. စိုးရိမ်မကင်းဖြစ်မိတယ်။ (ဘန်ကီမွန်းလေသံ) စားလက်စ စနွင်းမကင်း တုံးလေး ဖတ်ရင်းနဲ့ လက်ထဲက လွတ်ကျသွားတာနဲ့.. မှားပြီး ရိုက်မိတာ။ ဦးဦးကြောင်ကြီး မခြိမ်းခြောက်နဲ့နော်.. အခုတောင် ရွာထဲက စဉ့်အိုးထဲ ဝင်ပြီး စာရိုက်တာ.. စဉ့်အိုးကြီး ဘယ်မှာလဲ ဆိုတာ လက်ညိုးထိုးပြီး မဖော်နဲ့နော်.. ကြက်ကလေးကို လာရှာတဲ့ ကြောင်ကြီးဆို.. ကြက်ကလေး အီးပေါက်လို့ စဉ်းအိုးကြီး ကွဲပြီး ကြောင်ကြီး လန့်ပြေးတဲ့ ပုံပြင်လေး ကို သတိရမိတယ်။ နောက်ဆုံး လက်နက် ထုတ်သုံးလိုက်မယ်.. နာမည်ကိုက ဆူးနော်.. ဟွင်း.. ဟွင်း.. ဟွင်းး..
သူရဇော်
November 10, 2010 at 8:30 am
ကမ္ဘာမှာ မြန်မာဟာ ဘာသာတရားအကိုင်းရှိုင်းဆုံးနေရာဒေသတစ်ခုပါ…….. ကမ္ဘာ့မြေပုံထဲမှာ မြန်မာပြည်မြေပုံဟာ သေးသေးလေးပေမယ့် ကွေးကွေးလေးနဲ့ ကြည့်ကောင်းပါတယ်……. ဒီတော့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာ ထွန်းကား တဲ့ မြန်မာကို ဤမြေပုံလေးအတိုင်း ဆက်လက်တည်တံ့နိုင်ဖို့ ထိန်းသိမ်းရမယ်… စိတ်ထဲမှာ ရှိတာကိုရေးတာပါ သူများဖတ်ကောင်း မကောင်းတော့ မသိဘူး
ဆူး
November 10, 2010 at 8:39 am
သူရဇော်ရဲ့ ကွန်မန်းကို ကြိုဆိုပါတယ်။ ရဲရဲသာရေးပါ..
Tsuper
November 10, 2010 at 8:49 am
ဝေဝေရေ- မြန်မာဖြစ်ရတာဂုဏ်ယူစရာပါ။ ဂုဏ်လဲယူပါတယ်။ တင်ထားတဲ့ post ဖတ်ရတဲ့အတွက်ကျေးဇူးပါ။ ခွန်အားတခုရလာသလိုပါဘဲ။ ပြည်ပမှာရောက်လေ ကိုယ့်တိုင်းပြည်ကိုသတိရလေပါဘဲ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုမရှိပေမယ့် စိတ်ပိုင်းဆိုင်ရာစွမ်းရည် မြင့်မားတာ အခြားနိုင်ငံတွေ ထက်သာပါတယ်။ အစွမ်းအစရှိပေမယ့် ထုတ်ပြနိုင်ခွင့်မရှိသေးလို့ ငြိမ်နေကြတဲ့သူတွေအများကြီးပါ။ တိုင်းပြည်တိုးတက်လာရင် ပြန်လာပြီးအကျိုးပြုကြမယ့်သူတွေလဲ အများကြီးပါ။ ကျွန်တော်ကတော့ပြည်ပမှာ မြန်မာလို့ ရဲရဲပြောပါတယ်။ လက်မထောင်ပြောနိုင်အောင်လဲသူတို့ထက်သာအောင်လုပ်ပြပါတယ်။ တိုင်းပြည်အတွက်ပိုကြိုးစားကြတာပေါ့ဗျာ။
noenoe
November 10, 2010 at 9:24 am
အဟဲ…Comment တွေကများလွန်းလို့ ဘာရေးရမှန်းတောင် မသိတော့ဘူးဖြစ်သွားတယ်….ဒါပေမယ့်လည်းမနေနိုင်လို့ နဲနဲတော့ရေးခဲ့ပါရစေနော်…….ကျွန်မလည်းလေ ယနေ့အချိန်ထိ ဗုဒ္ဒဘာသာမြန်မာ လူမျိုးတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိသလို၊ ကျေလည်းကျေနပ်မိပါတယ်……ကျွန်မစိတ်ထဲခံယူထားတာကို ရေးလိုက်မိတာပါ။ဘာသဘောမှ မပါဘူးနော်..။
R Ga
November 10, 2010 at 9:26 am
ဒါက ကောင်းကွက်လေးတွေ ရွေးပြီးပြောသွားတာလို့ထင်ပါတယ်။ ဒီမှာခံစားနေ ရတဲ့လူတွေရဲ့ ဒုက္ခ ဒီကလူတွေပိုပြီးသိပါတယ်။ မြန်မာလူမျိုးဖြစ်ရတော့ ဂုဏ်ယူ ပါတယ်။ မြန်မာပြည်ကိုလည်းချစ်ပါတယ်။ ဒါပေမဲ့ မြန်မာတွေ ကို မြန်မာတွေ အုပ်ချုပ်ပြီး လူလိုမနေရတဲ့ လူတွေ လူတန်းစေ့ မနေရတဲ့လူတွေကတော့ မြန်မာပြည်မှာ တစ်ပုံတစ်ပင်ကြီးပါပဲ…။ ကျွန်တော်က တော့ ဒီမှာ နေရတာ တစ်ရက်မှ သာယာတယ်မရှိဘူး အပူအပင်သောကတွေနဲ့ချည်ပါပဲ..။ တစ်ခြားလူတွေတော့မသိဘူး နော်
ဆူး
November 10, 2010 at 10:09 am
ကိုအာဂ ပြောတာကို နားလည်ပါတယ်။ စိတ်ဓါတ်ခွန်အား တခုလိုမျိုး.. ဖြစ်အောင် ဝိုင်းရေးပေးတာပါ။ အရာရာ စိတ်က ဦးဆောင်နေတယ်ဆိုတော့.. စိတ်စွမ်းအား မြှင့်တင်ပေးတဲ့ သဘောနဲ့ ကွန်မန်းရေးပေးတာပါ။ ဘောလုံးပွဲတွေမှာ အိမ်ကွင်းနဲ့ တခြားကွင်း မတူဘူး ဆိုသလိုပေါ့ ကိုအာဂ ရယ်.. အိမ်ကွင်းမှာ ကန်ရင် ပရိတ်သတ် ခွန်အားနဲ့ စိတ်ဓါတ်တွေ ကြွပြီး သူ့စွမ်းအားထက် စိတ်ဓါတ်စွမ်းအား ပေါင်းပြီး နိုင်အောင် ကန်နိုင်သေးတာဘဲ။ နာတာဘဲ တွေးပြီး နာနေမဲ့ အစား သာတာတွေးပြီး ဖြေသိမ့်နိုင်အောင်ပါ။