moethihaOctober 14, 20101min1410
ကျွန်တော်တို့မြန်မာလူမျိုးများ၏အားနည်းချက်တစ်ခုလို့ပဲပြောရမှာပေါ့မြန်မာအမျိုး သမီးများ၏ဂုဏ်သိက္ခာကိုမြှင့်တင်လိုကျတဲ့အချက်ပေါ့ဗျာ။ကျွန်တော်တို့မြန်မာအမျိုးသမီးတွေ ဟာလိမ္မာယဉ်ကျေးသိမ်မွေ့တဲ့သူကိုပိုပြီးအလေးထားကျတယ်။အိမ်မှုကိစ္စနိုင်တဲ့သူကိုပေါ့အခု တော့ခေတ်တွေကပြောင်းလဲသွားပါပြီ။မိန်းကလေးတွေကိုအိမ်ထဲမှာသိမ်းထားသောအကို ဦးလေးအဘိုးတို့ရေမြန်မာမိန်းကလေးတွေကယောက်ျားလေးများနည်းတူလုပ်ကိုင်နေကျပြီး အလုပ်ခေါ်တာပဲကြည့်ကျပါတော့ဗျာ။ယောက်ျားလေးဆိုရင်နေရာကိုမရှိတော့ဘူး(ယောက်ျား လေးတွေလုပ်နိုင်သောအလုပ်မှအပ)မိန်းကလေးတွေကြည့်ဖြစ်နေတယ်ဗျာ။အဘိုးတို့တွေက မိန်းကလေးတွေကိုအိမ်ထဲမှာသိမ်းထားပြီးတော့လင်ကောင်းသားကောင်းရတဲ့အချိန်ကိုစောင့်မ နေခိုင်းပါနဲ့လို့အကြံဉာဏ်ပေးချင်ပါတယ်။မိန်းကလေးများကလည်းသူတို့ရဲ့လုပ်အားကိုဂုဏ် ယူဝံ့ကြွားစွာ ပြသနေကြပါပြီ။ တစ်ချို့မိဘတွေရှိပါတယ်“ငါတို့ရှာကျွေးနေတာပဲ”ဆိုတဲ့မိဘတွေပေါ့။သူတို့သားသမီး ကျတော့ရွှေပေါ်မြတင်ဘဝပေါ့။ဒါပေမယ့်သူတို့ရဲ့ဝင်ငွေဆိုပြီးတော့ပြစရာမရှိတဲ့အတွက် အလုပ်လုပ်သူတွေရဲ့ကြားထဲမှာမျက်နှာငယ်ကျတယ်။တချို့ကျတော့ဂုဏ်ယူစရာဖြစ်နေလေရဲ့ သူတို့လိုလူမျိုးတွေကကျတော့မိဘရဲ့ခွင့်ပြုချက်ကိုမျှော်နေကျတယ်။မိဘတွေသာသေသွား တယ်ခွင့်ပြုချက်ကကျမလာဘူး။သူတို့တွေဘာလုပ်ကြလဲ ? သူတို့တွေဘာလုပ်လဲဆိုတော့မိဘကထားခဲ့တဲ့အမွေပစ္စည်းတွေကိုထိုင်ပြီးတော့စား နေတယ်လေ။ဝင်ငွေလေးဘာလေးရအောင်တော့သူတို့ရဲ့လက်ငုပ်လက်ရင်းကိုလုပ်ကိုင်ကြ တယ်လေ။မိဘကဘာမှမလုပ်ခိုင်းတော့သူတို့လုပ်နိုင်ရဲ့လား။လုပ်တော့လုပ်နိုင်တာပေါ့ ဒါပေမယ့် အကျိုးအမြတ် က အနှုတ်ပြနေလေရဲ့ ။ နှုတ်ပါ များတော့ ကုန်ရောဆိုပါတော့။ ရွှေပေါ်မြတင် ဘဝက ကုဋေ ၈ဝသူဌေးသားလိုအဖြစ်မျိုးနဲ့ကြုံရမှာ မလွဲပါပဲ။ အခုခေတ်မိန်းကလေးတွေအလုပ်လုပ်ကိုင်တာကတော့ဟုတ်ပါပြီ။ကိုယ်နောင်ရေးကို များစဉ်းစားကျပါဦး။စကားပုံတစ်ခုရှိပါတယ်“အလုပ်ဟူသမျှဂုဏ်ရှိစွ”တဲ့။ဒါပေမယ့်စဉ်းစား ကြည့်ပါတိုးတတ်နိုင်လားမတိုးတတ်နိုင်လူးလားလို့ပေ့ါ။အလုပ်လုပ်တာကဘာကိုလိုချင်လို့ လုပ်တာလဲ။ဂုဏ်ကိုလိုချင်တာလားငွေကိုလိုချင်တာလားလို့ပေ့ါ။ကျွန်တော့သူငယ်ချင်းတွေရှိ ပါတယ်။သူတို့အလုပ်လုပ်တဲ့အခါမှာသူတို့ရတဲ့လခကအိမ်ကိုထောက်နိုင်ရဲ့လားလို့ပေ့ါ။ကျွန် တော်အားနာနာနဲ့ပဲပြောရတော့မယ်သူတို့လခကသူမိဘတွေကိုမထောက်နိုင်တဲ့အပြင်သူတို့ ကိုပါပြန်ထောက်ရတဲ့အဆင့်ထိပါပဲ။သူတို့ကိုကျွန်တော်မေးကြည့်မိတယ်ဘာလိုု့ဒီအလုပ်လုပ် နေတာလဲလို့ဆိုတော့ဒီအလုပ်ကဂုဏ်ရှိတယ်တဲ့။အင်းလေထားလိုက်ပါတော့သူတို့အိမ်က မိဘကပါဒီဂုဏ်လေးပဲလိုချင်တာကိုး။တကယ်လို့အဲ့ဒီမိဘတွေအနိစ္စသဘောနဲ့ကိစ္စချောသွား တယ်ဆိုပါတော့ကဲအဲဒီလိုကလေးမဘယ်လိုလုပ်မလဲ။ပထမတော့ဟန်ပျက်မှာမဟုတ်သေးဘူး ဘာလို့လဲဆိုတော့သူ့မိဘတွေကအကုန်ယူသွားလို့ရတာမှမဟုတ်တာအများကြီးမဟုတ် တောင် နည်းနည်းပါးပါးကျန်ခဲ့မှာပေါ့။ နောက်ပိုင်းဆိုရင်တော့ တာဝန်ယူသူပေါ်ရင်ပေါ် မပေါ်ရင်တော့…… တချို့က ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကျတယ် တချို့က ဂုဏ်လိုချင်လို့ အလုပ်လုပ်ကျတယ် […]


bolayAugust 12, 20101min1632
Valentine Day ၏အစဖြစ်သော အချစ်ပွဲတော်အား ရှေးဟောင်းရောမများက Spiritual Love စိတ်ဝိဉာဉ် အချစ်အား ဖေါ်ထုတ်သော နေ့တစ်နေ့ အဖြစ် ကျင်းပခဲ့သည့် အစဉ်အလာမှ စတင်ခဲ့ပါသည်။ရောမများက ဖေဖေါ်ဝါရီလ၏ အလယ်တစ်ရက်တွင် ယင်းပွဲတော်အား ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပွဲတော်ကျင်းပရသည့် အကြောင်းအရင်းမှာ ရောမမြို့တော်ကိုတည်ထောင်ခဲ့သည့် ရိုမြူလပ်စ်အား မြေခွေးမတစ်ကောင်၏ နို့တိုက်ကျွေးခြင်းခံခဲ့ရပြီး ယင်းနို့မှ ခွန်အားနှင့်ဉာဏ်ပညာ တိုးပွားစေသည်ဟု ယုံကြည်ကာ နောင်တွင် ယင်းနေ့ရောက်တိုင်း ခွေးတစ်ကောင်နှင့် ဆိတ်တစ်ကောင်အား သတ်ကာ ခွန်အားဗလတောင့်တင်းသည့် လူငယ်နှစ်ဦး၏ ခန္ဒာကိုယ်တွင် အဆိုပါသွေးများသုတ်လိမ်း၍ ၎င်းသွေးများကို နို့ဖြင့်ဆေးကြောကာ ယင်းလူငယ်နှစ်ဦး၏ လက်တွင် သားရေပတ်တစ်ချောင်းစီ ကိုင်ဆောင်စေကာ မြို့တွင်းသို့လှည့်လည်စေပြီး ၎င်းတို့၏အရှေ့ဖြတ်သွားသောလူများကို ထိုသားရေပတ်ဖြင့် လှမ်းရိုက်စေပါသည်။ မြို့တွင်းရှိရောမများကလည်း လိုလိုလားလားဖြင့်အရိုက်ခံကြကာ ထိုသို့အရိုက်ခံခြင်းဖြင့် မျိုးမအောင်သူများ မျိုးအောင်စေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ St.Valentine […]


manawphyulayAugust 12, 20101min1815
မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးသူထက် လေးနှစ်ခန့် အသက်ပိုကြီးနေကြောင်း သိရသည်။ ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁ဝ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ  Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း […]


manawphyulayJuly 20, 20101min3179
စကားကြီး (၁၁) ခွန်း ၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း ၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း ၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော စကားမျိုးပြောဆိုခြင်း ၄။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း ၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့ ပြောဆိုခြင်း ၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို ပြောဆိုခြင်း ၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို နောက်မှပြောဆိုခြင်း ၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း ၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း ၁၀။ ရေသာသဲတင်ပြောဆိုခြင်း […]


manawphyulayJuly 20, 20101min2504
တရုတ်နိုင်ငံ Guangdong ပြည်နယ်မှ အမျိုးသမီးငယ်တစ်ဦးသည် ဘယ်ဘက်နားလုံးဝမကြားရတော့ သဖြင့် ဆေးရုံတွင် လာရောက်  ကုသမှုခံယူကြောင်း သတင်းများက ဆိုသည်။ ထို အမျိုးသမီးငယ်အား ကုသပေး သည့် ဆရာဝန်က – အကြင်နာပေးခြင်းကြောင့် ပါးစပ်တွင်းလေဖိအား လျော့ကျပြီး နားစည်အား အတွင်းသို့စုပ်ဆွဲ သကဲ့သို့ ဖြစ်စေသဖြင့် နားစည်ပျက်စီး၍ အကြားအာရုံချို့ယွင်းခြင်းဖြစ်သည်ဟု ဆိုသည်။ အလွန်အကျွံ  နမ်းခြင်း သည် အတွင်းနားနှစ်ဖက်ကြား လေဖိအားကို မမျှမတဖြစ်စေပြီးနားစည်ပေါက်သွားတတ်သည်။ထိုအမျိုးသမီးငယ် သည် ပုံမှန်အကြား   အာရုံပြန်လည်ရရှိရန် အချိန်နှစ်လ  ယူရမည်ဖြစ်သည်။ နမ်းခြင်းသည် သာမန်အားဖြင့် ဘေး အန္တရာယ်မဖြစ်သော်လည်း သတိထားသင့်ပေသည်ဟု ဆရာဝန်များက အကြံပြုထားသည်။ (ဘီဘီစီ)