black chawJune 12, 20121min59876
မန္တလေး ဂဇက်မှ မိဘပြည်သူ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ရှင်… အဲ….ခင်ဗျာ။ ဟေးဟေး… ဒီတစ်ခါလည်း skynet ရဲ့ နှုတ်ခွန်းဆက် စတိုင်အသစ်လေးနဲ့ နှုတ်ခွန်းဆက်သလိုက်တာပါ။ ဒီနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ဟာ ကျွန်ုပ်တို့ ရွာကြီး၏ ဆယ်လစ်ဗျစ်တီ စာရင်းဝင် ဗိုက်ကလေး (ခေါ်) စိန်ဗိုက်ဗိုက် (ခေါ်) ပေါက်စိန်ဗိုက် (ခေါ်) ပေါက်ဖေါ် ၏ (–) နှစ်မြောက် မွေးနေ့မင်္ဂလာဖြစ်ကြောင်း ရွှေတိဂုံဘုရား ရင်ပြင်ထက်မှ သတင်းထောက်တစ်ယောက်က သတင်းပေးပို့သွားပါသည်။ ဟဲဟဲ…မွေးနေ့ရှင် ကိုယ်တိုင်က သတင်းထောက်ဖြစ်နေတာပါဗျာ။ ပေါ့ပေါ့ပါးပါး လေးလေးနက်နက် ရှိလှသော ချဉ်ငံစပ် ကွန်းမန့်လေးများဖြင့် ကျွန်ုပ်တို့ ရွာသူားအပေါင်းအား စိတ်အညောင်းအညာပြေစေခဲ့သော မွေးနေ့ရှင် ပေါက်ဖေါ်အတွက် မွေးနေ့ဆုတောင်းလေးများ ချီးမြှင့်ကြပါရန် အကျိုးမျှော်လျက် […]