etoneJuly 27, 20101min2374
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမြန်မာ့လွတ်လပ်ရေးအတွက်တောင်းဆိုရန်အင်္ဂလန်သိုသွားချိန်ကဖြစ်သည်။ ဗိုလ်ချုပ်တို့ခရီးတထောက်နားမည့်အန္ဒိယတွင်အနိ္ဒယအမျိုးသားခေါင်းဆောင်ကြီးမစ္စတာနေရူးအားတွေ့ဆုံလိုသဖြင့်အမျိုးသား ခေါင်းဆောင်နှစ်ဦးတွေ့ကြသည်။ ရင်းရင်းနှီးနှီးဆွေးနွေးကြသည်လွတ်လပ်ရေးရသောအခါနိုင်ငံခြင်းရင်းနှီးစေရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်မည်သို့ဆောင်ရွက်ကြ မည်ကိုဆွေးနွေးကြသည်။နှစ်ဦးစလုံးအရည်အခြင်းရှိသောခေါင်းဆောင်များဖြစ်သဖြင့်စိတ်တူကိုတူလေပေးဖြောင့်နေကြလေသည်။ ထိုစဉ်မှာပင်မစ္စတာနေရူးကအောင်ဆန်းလန်ဒန်ရောက်လို့ဆွေးနွေးပွဲတွေလုပ်တဲ့အခါဘာဝတ်ဆုံဝတ်မှာလည်းဟုမေးလိုက်သည်။ ဗိုလ်ချုပ်ကသူ၏စစ်အကျႌတစ်ပတ်နွမ်းလေးကိုကြည့်ပြီးပြုံးနေခဲ့သည်။ဗိုလ်ချုပ်ကထိုစစ်အင်္ကျီတစ်ပတ်နွမ်းလေးကိုပင်ဝတ် ဆင်မည်ဟုရည်ရွယ်ထားပုံရလေသည်။(တစ်ကယ်မှာလည်းဗိုလ်ချုပ်သည်ထိုအချိန်ကအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ယောက်ဖြစ်သော် လည်းတူတူတန်တန်အင်္ကျီလေးပင်ဝတ်ဖို့စိတ်ထဲမထားပဲနိုင်ငံ့ကောင်းစားရေးသာဆောင်ရွက်နေခဲ့သည်။)မစ္စတာနေရူးက ဒီလိုတော့ဘယ်ဖြစ်မလဲကွလန်ဒန်မြို့တော်သားတွေကအဆောင်အရောင်ကိုအလွန်နှစ်သက်ကြတာနောက်ပြီးမင်းတို့ဟိုရောက်ရင် ဂျော့ဘုရင်ကသူ့နန်းေတော်ကိုထမင်းတွေဘာတွေဖိတ်ကြွေးရင်ကြွေးမှာလိုလိုမယ်မယ်ဆောင်သွားရမှာပေါ့ကွဆိုပြီးချက်ချင်းအပ်ချုပ် သမားများကိုခေါ်ကာသင့်လျှော်သောအနောက်တိုင်းဝတ်စုံများအမြန်ဆုံးချုပ်လုပ်စေခဲ့သည်။ထိုကြောင့်ဗိုလ်ချုပ်တို့အဖွဲ့ဝင်များ အနိ္ဒယမှာထွက်ခွာလာသောအခါစတိုင်ကျလှပစွာနှင့်ခရီးဆက်လက်ထွက်ခွာလာနိုင်ခဲ့လေသည်(ယနေ့တွေ့မြင်ကြရသောဗိုလ်ချုပ် အောင်ဆန်း၏လန်ဒန်ဆွေးနွေးပွဲမှတ်တမ်းဓါတ်ပုံများမှကုတ်အင်္ကျီသည်မစ္စတာနေရူးဆင်ပေးလိုက်သောကုတ်အကျႌဖြစ်သည်။ နိုင်ငံအကျိုးကိုဆောင်ရွက်ရာတွင်အဝတ်အစားကိုပင်ဂရုမပြုနိုင်ခဲ့ပေ။သူထံတွင်လည်းအပိုအလျှံမရှိ သူရသောလခလေးကို ပင်ဝေမျှကြွေးမွေးသေးသည်ထို့ကြောင့်လန်ဒန်တွင်နိုင်ငံ့အရေးဆွေးနွေးရာမှာပင်အဝတ်ကောင်းကောင်းမရှိခဲ့ပေ။ လေးစားအတုယူဖွယ်ပင်ဖြစ်တော့သည်။ ဗိုလ်ချုပ်ဝတ်ထားသောအကျႌသည်မစ္စတာနေရူးဆင်ပေးလိုက်သောအကျႌဖြစ်သည်။ ဗိုလ်ချုပ်ဝတ်ဆင်နေကျစစ်အကျႌတစ်ပတ်နွမ်းလေး။ မြန်မာနိုင်ငံ့ရဲ့အနိုင်းမဲ့သူရဲကောင်း။