ကိုBlackchaw ရဲ့ ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ ပို့စ်နဲ့ အောက်က ကွန်မင့်တွေဖတ်ရတော့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ အချက်အလက်တွေ၊ စာအုပ်တွေ အများကြီးကို တထိုင်တည်း ဖတ်လိုက်ရသလိုပါပဲဗျာ.. ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် လွတ်လပ်ရေးဖခင်တစ်ယောက်၊ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်ထဲက သူရဲကောင်းတစ်ယောက်အဖြစ်နဲ့တင် ဗိုလ်ချုပ်ကို ချစ်ပြီးသား.. ဗိုလ်ချုပ် စိတ်ထား ဘယ်လောက် ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊ စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်ဆိုတာ ဒီလိုစာတွေဖတ်မှသာ သိကြရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်၊ အန်တီစု ပြောခဲ့တဲ့ထဲမှာပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့… ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ […]


@leprechaunAugust 27, 20111min1146
ဒီပို့စ်က ကျွန်တော် စပြီး ရေးတဲ့ ပို့စ်တစ်ပုဒ် ဖြစ်ပါတယ်။ အရင်က ရေးထားတဲ့ ပို့စ်တွေတော့ ကွန်ပျူတာထဲမှာ ယူနီကုဒ်နဲ့ ရေးထားလို့ မတင်ဖြစ်တော့ပါဘူး။ ခုအချိန်က စိတ်လိုလက်ရ ရှိလို့ ရေးလိုက်တာပါ။ ခုတလော ဂျာနယ်တော်တော်များများ ဖတ်မိလိုက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားတဲ့ စာမူတွေကို တော်တော်များများ တွေ့နေရပါတယ်။ ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ စာအုပ်တွေလို အပြိုင်အဆိုင်လိုလို ထွက်နေတာကို တွေ့မိနေရပါတယ်။ ဒီ“ဟာတွေကို မြင်တိုင်း စိတ်မကောင်း ဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတာကို ပြောရရင်တော့ ဖတ်မိခဲ့တဲ့ ဂျာနယ်ထဲက စာမူတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်းက ရောင်းကုန်မဟုတ်ပါ” ဆိုတဲ့ စကားလေးပါ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဗိုလ်ချုပ်နဲ့ ပက်သက်တဲ့ စာမူတွေ ဂျာနယ်တွေမှာ မတွေ့ရပါဘူး။ သတင်းစာ လွတ်လပ်ခွင့်ကြောင့်မို့လို့ပါ။ […]


badbabylay09@gmail.comAugust 21, 20101min982
(၁၉၄ရ မတ်လ ရ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း မှ ကောက်နုတ်ချက်)   ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံး သင့်သည့် အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမ ရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန် ခဲ့သည်။  ကျနော့်အတွက်မှာဆိုလျင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာ မျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို […]


badbabylay09@gmail.comAugust 21, 20101min1262
—————————————- “ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊ တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊ ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင် ၊ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။ တစ်ထောင်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊ မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး ၊ ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင် ပြည်ချစ်ဒို့ ခေါင်းဆောင် ၊ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။ ပြည်ထောင်စုရဲ့ကျေး ဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊ ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’ ငါတို့ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို ၊ ခု ၂၀၁ဝ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ အသက် ၉၅ နှစ်ရှိပြီပေါ့….. ၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား…? အေးပေါ့……ငါတို့ ရွယ်တူ ဒါမှမဟုတ် ငါတို့ထက်ငယ်တဲ့ တချို့တချို့သူတွေ ဘယ်သိနိုင်ပါ့မလဲ ၊ဗမာပြည်ရဲ့ စစ်အာဏာရှင်တွေက ငါတို့ဗိုလ်ချုပ်ကိုမှေးမှိန်အောင် ဖျောက်ဖျက်ဖုံးကွယ်ထားကြတာကိုး […]


badbabylay09@gmail.comMay 27, 20101min993
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘဝကိုစွန့်ကာ မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့ အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နို်င်အောင် ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ အမျိုုုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့ မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ […]