erosMarch 27, 20111min1240
ဗိုလ်မှုးကြီး ကဒါဖီးနှင့်တွေ့ဆုံခြင်း(Meeting Colonel Gadhafi) အပိုင်း (၁) ကျွန်ုပ် အိပ်ရာနိုးသော အခါ ကျွန်ုပ် ဘယ်နေရာ ရောက်နေသည်ဆိုသည်ကို ကျွန်ုပ် မသိ။ ထူးဆန်းသော အနံ့ တမျိုးအားခံစားရသည်။ ကျွန်ုပ် ထောင်ချောက်ချခြင်း ခံရပုံပေါ်သည်။ ထို့နောက်တွင် ကျွန်ုပ် မှတ်မိသွား၏။ ကျွန်ုပ်သည် မြောက်အာဖရိကအတွင်းရှိ လစ်ဗျားသို့သွားသော ဖယ်ရီသင်္ဘောပေါ်ရှိ အိပ်ယာတွင် လှဲနေခြင်းဖြစ်သည်။ အနံ့သည် စက်ဆီနှင့်ကော်ဖီ ရောပြွန်းရာမှ ထွက်လာသော အနံ့ဖြစ်သည်။ အိပ်ယာပေါ်မှ လူးလှိမ့်ထပြီး မနက်စာစားရန် အတွက် ကျွန်ုပ်၏ ကင်မရာမင်းဖြစ်သော ဘော့ (Bob) နှင့်တွေ့လိုက်သည်။ တစုံတယောက်က ကျွန်ုုပ်၏ရှေ့ ၌ ပန်းကန်ပြားတချပ် လာချသွားသည်။ ပန်းကန်ထဲတွင်မတော့ အနှစ်ထဲတွင် သွေးတစက်ပါသော ကြက်ဥကြော်တခု ရှိလေသည်။ “ငါမဆာတော့ဘူးကွ” ဟု […]