winkyawaungSeptember 1, 20102min691
15-4-2010 သင်္ကဿ နဂိုရ်မှ သာဝထ္ထိသို့ နံနက်(၆)နာရီတွင် နယူးဒေလီမြို့ က သင်္ကဿကိုရောက်ပါတယ်။ နံနက်စာစား၍ အနားယူကြ တယ်။ရေချိုးပြီး အင်တာနက်ဖွင့်တယ်။ ဘလော့တင်၊ တောင်ကြီးသို့ မေးလ်ပို့တယ်။ နေ့လည်စာ စားပြီး နားကြတယ်။ နေ့လည်(၂း၃၀)နာရီမှာ သင်္ကဿ မြန်မာကျောင်းမှ ဆရာတော်ဘုရားအား ပူဇော်ကန်တော့ကြပါတယ်။ ညနေ(၄း၃၀)နာရီမှာ သင်္ကဿ နယ်မြေက မြတ်စွာဘုရားရှင်တော် တာဝတ္တိန်သာနတ်ပြည်သို့ လူဘဝမှမိခင်မယ်တော် နတ်သားအားတရားဟော၍ ပြန်လည်ကြွမြန်းလာသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း ကုန်းမြင့်နေရာဖြစ်ပါတယ်။ ယခုနေရာကတော့ ရှင်သာရိပုတ္တရာ ရဟတ္တာကိုယ်တော်မြတ်က လှည်းသားငါးရာတို့အား တရားဟောတော်မူသော နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားဖူးသော နေရာဌါန နှစ်ခုလုံး ကို ဟိန္ဒူဘာသာဝင်များက သူတို့၏ ဘုရားကျောင်းနေရာများ ပူးတွဲသတ်မှတ်ထားကြပါတယ်။ ယင်းနေရာ(၂)နေရာတွင် စေတီဘုရားတည်ထားကိုးကွယ်ခွင့်မရကြောင်း သိရှိခဲ့ရပါတယ်။ ည(၈)နာရီမှာ သင်္ကသ […]